close

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့

close

April 4, 2022

ဆမီးမြို့အဝင်ဂိတ်ကို ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင်စီး၊ စစ်ကောင်စီဘက်က ၆ ဦးသေ

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ဆမီးမြို့၊ မြို့အ၀င်ဂိတ်ကို ဧပြီ ၃ ရက် မနေ့ည ၈ နာရီခွဲလောက်က  ချင်းပြည်ကာကွယ်ရေးတပ်-ပလက်ဝ CDF-Paletwa နဲ့ ချင်းအမျိုးသားတပ်မတော် CNAတို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခံ့ရာမှာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အချိန်မိနစ် ၃၀ လောက် အပြန်လှန်ထိတွေ့ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး CDF-Paletwa နဲ့ CAN တို့ဘက်ကတော့ အထိခိုက်မရှိ လုံခြုံစွာပြန်လည် ဆုတ် ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲတွေလည်း ပြင်း ထန်နေပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

ဒါဟာ NUG အစိုးရက အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ ဆဋ္ဌမ ၁ လတာအတွင်း စာရင်းကောက်ယူထုတ်ပြန်ထားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၆၃၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။

1 min Ago

November 17, 2021

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့များအား သူရဲကောင်းဆု ချီးမြှင့်

အမေရိကန်နိုင်ငံအခြေစိုက် Chin TV International မီဒီယာက ရွေးချယ်ချီးမြှင့်တဲ့  ၂၀၂၁ ခုနှစ်ရဲ့ ချင်းသူရဲကောင်းဆုကို  ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့တွေက ရရှိသွားပါတယ်။

ချင်းပြည်ကာကွယ်ရေးတပ်တွေဟာ မတရားစစ်အာဏာသိမ်းမှုကို တွန်းလှန်ရာမှာ ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေဖြစ်ပြီး လက်ရှိအချိန်ထိ ရိုးရာတူမီးသေနတ်တွေနဲ့ ဒေသတွင်းပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေကြသူတွေ ဖြစ်ပါတယ်။

၈ ကြိမ်မြောက်အနေနဲ့ ကျင်းပတဲ့ Chin TV International မီဒီယာရဲ့ ဒီအခမ်းအနားမှာတော့  စာပေ၊ ဂီတ၊ ပန်းချီ၊ ပရဟိတစတဲ့ ဆုအမျိုးအစား ၁၁ မျိုး ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ Chin TV တသက်တာအနုပညာရှင်ဆုကိုတော့ ပန်းချီဆရာ လူရှည်တောင် တန်း မိုးယဉ်သဲရာကို ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။

ပန်းချီဆရာလူရှည်တောင်တန်းမိုးယဉ်သဲရာဟာ အသက် ၇၀ အရွယ် ရှိနေခဲ့ပြီဖြစ်ကာ ပန်းချီနဲ့အသက်မွေးဝမ်းကျောင်းတဲ့ ချင်းတိုင်းရင်းသားအနည်းစုထဲက တယောက် ဖြစ်ပါတယ်။ 

သူဟာ ၁၉၇၀ ဝန်းကျင်ကာကကတည်းက ရန်ကုန်တက္ကသိုလ် ချင်းကျောင်းသားများ ထုတ်ဝေတဲ့စာတွေမှာ ပန်းချီရေးဆွဲခဲ့ပြီး ချင်းအငွေ့အသက်ပါတဲ့ ထူးခြားတဲ့ ရေးဟန်နဲ့ ပန်းချီကားပေါင်းများစွာ ရေးဆွဲခဲ့သူ ဖြစ်ပါတယ်။ 

5 months Ago
Up