close

ချင်းမိုင်မြို့

close

April 13, 2023

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆုန်ခရမ် ရေကစားပွဲတော်

ကိုဗစ်-၁၉ ရောဂါကြောင့် ထိုင်းနိုင်ငံမှာ ဆုန်ခရမ် ရေးကစားပွဲတော် ၂ နှစ်ကြာ မကျင်းပဖြစ်ခဲ့ရာက  ဒီနှစ်မှာတော့ ကိုဗစ်အလွန် ထိုင်းအစိုးရက ပထမဆုံး ပြန်ကျင်းပခွင့်ပေးလိုက်လို့ ထိုင်းလူမျိုးတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ ဆင်နွှဲနေကြပါတယ်။

ချင်းမိုင် ဆုန်ခရမ်ပွဲတော်မှာ လမ်းလျှောက်သင်္ကြန်လည်း ပါဝင်ပြီး ထိုင်းလူမျိုးတွေနဲ့အတူ ချင်းမိုင်ရောက် မြန်မာပြည်ဘွား တိုင်းရင်းသားတွေကလည်း ရိုးရာ အကတွေနဲ့ ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာနက ဒီနှစ် ၂၀၂၃ ခုနှစ် ဆုန်ခရမ်ပွဲတော်အတွင်း ခရီးသွား ၅ သန်းလောက် သွားလာကြမယ်လို့ မျှော်မှန်းထားပါတယ်။

ချင်းမိုင်မြို့ရဲ့ အထင်ကရ မြို့ရိုးဟောင်းနဲ့ တာ့ဖဲယ်ဂိတ်နားမှာ ထိုင်းလူမျိုးတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ ကျုံးဘေးတလျှောက် ရေပက် ဆော့ကစားနေကြပါတယ်။

သတင်း/ဓာတ်ပုံ - ဇွဲသစ်

3 hours Ago

November 23, 2022

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ရှမ်းနှစ်သစ်ကူးပွဲတော် (ဓာတ်ပုံ)

ရှမ်းနှစ်သစ်ကူးပွဲတော်ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၂၂ ရက်ညက ကျင်းပရာမှာ ရှမ်းတိုင်းရင်းသားတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအများအပြား ပါဝင်ဆင်နွှဲခဲ့ကြပြီး  ရှမ်းပြည်က နာမည်ကြီး အနုပညာရှင်တွေပါ ဖိတ်ခေါ် ဖျော်ဖြေခဲ့ကြပါတယ်။

ရှမ်းနှစ်သစ်ကူးပွဲတော်ဟာ နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့မှာ ကျရောက်ပြီး ဒီနှစ် နိုဝင်ဘာ ၂၂ ရက် တန်ဆောင်မုန်းလကွယ် ညသန်းခေါင်ယံမှာ ရှမ်းနှစ် ၂၁၁၆ ကုန်ဆုံးကာ ဒီနေ့ နိုဝင်ဘာ ၂၃ မှာတော့ ၂၁၁၇ နှစ်သစ်ကို ကျရောက်တာ ဖြစ်ပါတယ်။

ရှမ်းရိုးရာကောက်သစ်စားပွဲနဲ့ နှစ်သစ်ကူးပွဲတော်ကို  မြန်မာ့နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွါးရေး အကျပ်အတည်းကာလမှာပဲ မြို့ကြီးတချို့ကလွဲလို့ ပြည်တွင်း ရှမ်းဒေသတချို့နဲ့ ပြည်ပရောက် ရှမ်းတိုင်းရင်းသားတွေကြားမှာ ရိုးရာမပျက် ကျင်းခဲ့ကြပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ် ၊ ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ တန့်ယန်း ၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ ၊ ရှမ်းပြည်တောင်ပိုင်း နမ့်စန်၊ မိုင်းပန်၊ မိုင်းကိုင်၊ ကျေးသီး၊ လဲချားမြို့နယ်၊ မြေပြန့် ရန်ကုန်နဲ့ မန္တလေး စတဲ့ မြို့တွေမှာလည်း ရှမ်းနှစ်သစ်ကူးပွဲ ကျင်းပခဲ့ပေမဲ့ မကျင်းပနိုင်တဲ့ မြို့နယ်တွေလည်း များစွာရှိတယ်လို့ သိရပါတယ်။

5 months Ago
Up