ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆုန်ခရမ် ရေကစားပွဲတော်









993
ကိုဗစ်-၁၉ ရောဂါကြောင့် ထိုင်းနိုင်ငံမှာ ဆုန်ခရမ် ရေးကစားပွဲတော် ၂ နှစ်ကြာ မကျင်းပဖြစ်ခဲ့ရာက ဒီနှစ်မှာတော့ ကိုဗစ်အလွန် ထိုင်းအစိုးရက ပထမဆုံး ပြန်ကျင်းပခွင့်ပေးလိုက်လို့ ထိုင်းလူမျိုးတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ ဆင်နွှဲနေကြပါတယ်။
ချင်းမိုင် ဆုန်ခရမ်ပွဲတော်မှာ လမ်းလျှောက်သင်္ကြန်လည်း ပါဝင်ပြီး ထိုင်းလူမျိုးတွေနဲ့အတူ ချင်းမိုင်ရောက် မြန်မာပြည်ဘွား တိုင်းရင်းသားတွေကလည်း ရိုးရာ အကတွေနဲ့ ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာနက ဒီနှစ် ၂၀၂၃ ခုနှစ် ဆုန်ခရမ်ပွဲတော်အတွင်း ခရီးသွား ၅ သန်းလောက် သွားလာကြမယ်လို့ မျှော်မှန်းထားပါတယ်။
ချင်းမိုင်မြို့ရဲ့ အထင်ကရ မြို့ရိုးဟောင်းနဲ့ တာ့ဖဲယ်ဂိတ်နားမှာ ထိုင်းလူမျိုးတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ ကျုံးဘေးတလျှောက် ရေပက် ဆော့ကစားနေကြပါတယ်။
သတင်း/ဓာတ်ပုံ - ဇွဲသစ်