မန်စီးတီးအသင်းဟာ ဥရောပချန်ပီယံလိဂ်ဆုဖလားရရှိချင်တာကြောင့် သူ့ကိုခေါ်ယူခဲ့တာဖြစ် တယ်လို့ တိုက်စစ်မှူးဟာလန်းက ပြောသွားပါတယ်။
ဟာလန်းဟာ မနေ့ကကသွားတဲ့ လိုက်ဇစ်အသင်းနဲ့ ၁၆ သင်းအဆင့်ပွဲစဉ်မှာ တစ်ဦးတည်း ၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး မန်စီးတီးအသင်းကို ကွာတားဖိုင်နယ်အဆင့်ဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ်ပြိုင်ပွဲ ၅ ကြိမ်မှာ လေးကြိမ်အထိ ချန်ပီယံဖြစ်ခဲ့တာကြောင့် လိဂ်ချန်ပီယံဖြစ် ဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ သိရှိပြီးသားဖြစ်တယ်လို့ ဟာလန်းကပြောပါတယ်။
ဒါပေမဲ့ ချန်ပီယံလိဂ်ဆုဖလားမရယူဖူးသေးတာကြောင့် အသင်းဘက်က လိုချင်နေပြီး ဒါကြောင့်လည်း သူ့ကို ခေါ်ယူခဲ့တာဖြစ်ကြောင်း၊ မန်စီးတီးအတွက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဆုဖလားရယူပေးချင်ကြောင်း ဟာလန်းက ပြောသွားပါတယ်။
ချန်ပီယံလိဂ်ဖလားကို ၁၄ ကြိမ်မြောက် ရယူနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ စပိန်မြို့တော် မက်ဒရစ်မြို့လယ်ကောင်မှာ အောင်ပွဲခံနေ ရာချီတဲ့ ထောက်ခံသူတွေဟာ အဓိကရုန်းနှိမ်နင်းရေး ရဲတွေနဲ့ မေ ၂၉ ရက်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
မြို့လယ်က ပါဆေးယိုဒေရဲက်ကိုလေတို့စ် လမ်းမကြီးထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လို့ လူတယောက်ထက် မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
မေ ၂၈ ရက် နှောင်းပိုင်းကလည်း ထောင်ချီတဲ့ လူတွေဟာ စီဘေလက်စ်ရင်ပြင်မှာ အောင်ပွဲခံဖို့ စုရုံးခဲ့ကြပေမဲ့ မတော်တဆ မဖြစ်ခဲ့ပါဘူး။
ပြီးခဲ့ရက်က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းက လီဗာပူးအသင်းကို (၁-၀) ဂိုးနဲ့အနိုင်ရပြီး ဗိုလ်စွဲခဲ့တာပါ။
ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမား ဗနီးစီးယပ်စ်ဂျူနီယာက အနိုင်ဂိုးကို သွင်းယူခဲ့သလို ဂိုးသမား သီးဘော့ထ် ကောတွက်စ်ကလည်း တဘက်အသင်းရဲ့ အပိုင်ကန်သွင်းချက် အတော်များများကို ကာကွယ်နိုင်ခဲ့တဲ့အတွက် ပြိုင်ဘက် လီဗာပူး အသင်း ပရီးမီးယားလိဂ် ဆုဖလားနဲ့ လွဲခဲ့ပါတယ်။
ရီးရဲလ်နည်းပြ ကာလိုအန်စေလော့တီကတော့ ချန်ပီယံလိဂ် ဆုဖလားကို ၂ ကြိမ် ရခဲ့တဲ့ ပထမဆုံး အသင်းနည်းပြ ဖြစ်လာခဲ့ပါတယ်။