ချန်ပီယံလိဂ်ဆုဖလားရချင်သဖြင့် မန်စီးတီးကခေါ်ယူခဲ့ဟု ဟာလန်း ပြော

28
မန်စီးတီးအသင်းဟာ ဥရောပချန်ပီယံလိဂ်ဆုဖလားရရှိချင်တာကြောင့် သူ့ကိုခေါ်ယူခဲ့တာဖြစ် တယ်လို့ တိုက်စစ်မှူးဟာလန်းက ပြောသွားပါတယ်။
ဟာလန်းဟာ မနေ့ကကသွားတဲ့ လိုက်ဇစ်အသင်းနဲ့ ၁၆ သင်းအဆင့်ပွဲစဉ်မှာ တစ်ဦးတည်း ၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး မန်စီးတီးအသင်းကို ကွာတားဖိုင်နယ်အဆင့်ဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ်ပြိုင်ပွဲ ၅ ကြိမ်မှာ လေးကြိမ်အထိ ချန်ပီယံဖြစ်ခဲ့တာကြောင့် လိဂ်ချန်ပီယံဖြစ် ဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ သိရှိပြီးသားဖြစ်တယ်လို့ ဟာလန်းကပြောပါတယ်။
ဒါပေမဲ့ ချန်ပီယံလိဂ်ဆုဖလားမရယူဖူးသေးတာကြောင့် အသင်းဘက်က လိုချင်နေပြီး ဒါကြောင့်လည်း သူ့ကို ခေါ်ယူခဲ့တာဖြစ်ကြောင်း၊ မန်စီးတီးအတွက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဆုဖလားရယူပေးချင်ကြောင်း ဟာလန်းက ပြောသွားပါတယ်။