close

ချန်ပီယံလိဂ်ပွဲ

close

November 5, 2021

ချန်ပီယံလိဂ်ပွဲ ၁၀၀ ၌ သွင်းဂိုးအများဆုံးကစားသမားအဖြစ် လီဝန်ဒေါစကီး ရပ်တည်

ဥရောပချန်ပီယံလိဂ်ပွဲ ၁၀၀ ပြည့်ချိန်မှာ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး ရပ်တည်နိုင်ခဲ့ပါတယ်။ 

လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်ပွဲ ၁၀၀ မှာ ၈၁ ဂိုးအထိ သွင်းယူခဲ့ခြင်းဖြစ်ပြီး အရင်က ချန်ပီယံလိဂ်ပွဲ ၁၀၀ ပြည့်ချိန်မှာ  ဂိုးသွင်း အများဆုံးအဖြစ် စံချိန်တင်ထားတဲ့  PSG တိုက်စစ်မှူး မက်ဆီရဲ့ ၇၅ ဂိုး စံချိန်ကို  ၆ ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။  

နိုဝင်ဘာ ၂ ရက်က ကစားခဲ့တ့ ချန်ပီယံလိဂ်ပွဲစဉ် ဘိုင်ယန်မြူးနစ်နဲ့ ဘင်ဖီကာပွဲမှာ  လီဝန်ဒေါစကီး ဟာ  ပထမပိုင်းပြီးခါနီး ရရှိခဲ့တဲ့ ပယ်နယ်တီကို လွဲချော်ခဲ့ပေမဲ့လည်း ပွဲချိန် ၂၆ မိနစ်၊ ၆၁ မိနစ်နဲ့ ၈၄ မိနစ်တို့မှာ  ဟက်ထရစ် ၃ ဂိုး သွင်းယူခဲ့ပါတယ်။ 

အဲဒီပွဲမှာ  လီဝန်ဒေါစကီးအတွက် ကစားသမားဘဝ ချန်ပီယံလိဂ်ပွဲ  ၁၀၀ ပြည့်မြောက်တဲ့ပွဲဖြစ်ပြီး ရာပြည့်ပွဲကစားသူတွေထဲမှာလည်း  ဂိုးသွင်းအများဆုံးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။

လက်ရှိ ချန်ပီယံလိဂ်သမိုင်းရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာတော့ မန်ယူဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ၁၃၉ ဂိုးနဲ့ ဦးဆောင်နေပြီး  PSG တိုက်စစ်မှူး မက်ဆီက ၁၂၃ ဂိုးနဲ့ ဒုတိယ နေရာမှာ  ရပ်တည်နေကာ လီဝန်ဒေါစကီးကတော့  အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ 

12 mins Ago

December 7, 2020

တံကောက်ကြောဒဏ်ရာကြောင့် ဂျူဗင်တပ်စ်နဲ့ချန်ပီယံလိဂ်ပွဲ ဒမ်ဘီလီလွဲချော် ဖွယ်ရှိ

တံကောက်ကြောဒဏ်ရာကြောင့် ဘာစီလိုနာတောင်ပံကစားသမား အူစမန်ဒမ်ဘီလီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေပါတယ်။  ဒမ်ဘီလီဟာ ကာဒစ်ဇ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမားအ အဖြစ်ပါဝင်ခဲ့ပါတယ်။  သူဟာ ၁ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်နေချိန် ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တာဖြစ်ပြီး အသင်း ချေပဂိုးရရှိရေးအတွက် ဖိအားပေးရာမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။  ဒမ်ဘီလီဟာ ကာဒစ်ဇ်နဲ့ ပွဲမှာ ဒဏ်ရာမရဘဲ ပွဲပြီးတဲ့အထိကစားနိုင်ခဲ့ပေမဲ့ ကစားသမားမှာ ဒဏ်ရာပြဿနာရှိနေတယ်လို့ ပွဲအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့် နူးကမ့်ကွင်းမှာ ကန်မယ့် ဂျူဗင်တပ်စ်အသင်းနဲ့ အင်္ဂါနေ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုပါ လွဲချော်ရနိုင်တယ်လို့ အသင်းရဲ့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။  ဒီဇင်ဘာ ၆ ရက် မနက်ပိုင်း စစ်ဆေးမှုတွေအရ ပထမအသင်းကစားသမား အူစမန်ဒမ်ဘီလီမှာ တံကောက်ကြောဒဏ်ရာ ရရှိထားတာတွေ့ရပါတယ်။  ဒါ့ကြောင့် သူ့ကို အသင်းလူစာရင်းမှာ ထည့်သွင်းစဉ်းစားခြင်း မလုပ်ဖို့ ဒါမှမဟုတ် သူ့ဒဏ်ရာ အခြေနေပေါ်မူတည်ပြီး သူကစားနိုင်ခြင်း ရှိ၊မရှိဆုံးဖြတ်ရမယ်လို့ ဘာကာအသင်း ဘက်က  ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ပြင်သစ်လက်ရွေးစင် ဒမ်ဘီလီဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ့မွန်အသင်းကနေ ဘာစီလိုနာအသင်းကို ပေါင် ၁၁၇ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ဒဏ်ရာပြဿနာတွေကြောင့် ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။  အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ပြင်းထန်တဲ့ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ဒုတိပိုင်းတစ်ပိုင်းလုံးကိုလည်း လွဲချော်ခဲ့ရပါတယ်။  အခုရာသီ မတိုင်ခင်ဒဏ်ရာကနေ ပြန်လည်သက်သာလာတာဖြစ်ပြီး ဘာကာအသင်းအတွက် ရာသီအသစ်မှာ ၁၂ ပွဲ ပွဲထွက်ကစားထားပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စု G မှာ နောက်တစ်ဆင့်တက်ရောက်ဖို့ သေချာ သွားခဲ့ပြီဖြစ်ပြီး အင်္ဂါနေ့ဂျူဗင်တပ်စ်နဲ့ပွဲမှာ အုပ်စုဗိုလ်နေရာရရှိနေရးအတွက် ယှဉ်ပြိုင်ကစား သွားရမှာဖြစ်ပါတယ်။
11 months Ago
Up