close

ချန်ပီယံလိဂ်ဖလား

close

March 14, 2023

ချန်ပီယံလိဂ်ဖလားက သူ့ရဲ့အောင်မြင်မှုအပေါ်အဆုံးအဖြတ်ပေးမည်ဟု နည်းပြဂွါဒီယိုလာပြော

မန်စီးတီးအသင်းနဲ့အတူ ပထမဆုံးအကြိမ် ဥရောပချန်ပီယံလိဂ် ဆုဖလားရယူနိုင်ခြင်းရှိ၊ မရှိက သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုအပေါ်  အဆုံးဖြတ်ပေးလိမ့်မယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ 

စပိန်နည်းပြဟာ ၂၀၁၆ ခုနှစ်ကတည်း  မန်စီးတီးကို တာဝန်ယူခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲကိုပဲ အမြင့်ဆုံးတက်ရောက်ခဲ့ဖူးတာပါ။

ချန်ပီယံလိဂ်ဆုဖလား ရ၊ မရက မန်စီးတီးနည်းပြလက်ထက် အောင်မြင်မှု ရှိ၊ မရှိကို အဆုံးဖြတ်ပေးလိမ့်မယ်ဆိုတဲ့ အချက်ဟာ လက်ခံချင်စရာမကောင်းပေမယ့် လူတွေက အဲဒီလိုပဲ ဆုံးဖြတ်လိမ့်မယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ 

မန်စီးတီးဟာ အခုနှစ်ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဂျာမန်ကလပ် လိုက်ဇစ်နဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီး အိမ်ကွင်းပွဲစဉ်မှာ နိုင်ပွဲပြန်ယူနိုင်လို့ လိုအပ်နေပါတယ်။ 

8 mins Ago

May 30, 2022

ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့သည့် ဟာဇက်ကြောင့် ချဲလ်ဆီးအသင်းပေါင် ၁၅ သန်းရရှိမည်

ချဲလ်ဆီးအသင်းဟာ ကစားသမားဟောင်းဖြစ်သူ အေဒင်ဟာဇက်က ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားရရှိခဲ့တာကြောင့် ပေါင် ၁၅ သန်းရရှိမယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ၂၀၁၉ ခုနှစ်က ဟာဇက်ကို ရီးရဲလ်မက်ဒရစ်အသင်းဆီ ရောင်းချစဉ်က ချန်ပီယံလိဂ်ဖလားရရှိမယ်ဆိုရင် ပေါင် ၁၅ သန်းပေးချေရမယ်ဆိုတဲ့ အချက်ကို စာချုပ်မှာ ထည့်သွင်းချုပ်ဆိုခဲ့တာပါ။

ဟာဇက်ဟာ အခုနှစ် ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲမှာ စုစုပေါင်း ၈၃ မိနစ်သာကစားခဲ့ရပြီး ကွာတားဖိုင်နယ်ကနေ ဗိုလ်လုပွဲ အထိ တစ်မိနစ်မှ ကစားခွင့်မရရှိခဲ့ပါဘူး။

သူပွဲထွက်ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာလည်း မော်ဒိုဗာကလပ် ရှရစ်ဖ်ကို ၂ဂိုး ၁ဂိုးနဲ့ရူံးနိမ့်ခဲ့ပြီး  အင်တာမီလန်ကိုအနိုင်ရတဲ့ ပွဲစဉ်မှာ ၉ မိနစ်၊ ပီအက်စ်ဂျီကိုရှုံးနိမ့်ခဲ့တဲ့ ၁၆သင်းအဆင့်မှာ ၈ မိနစ်သာ ကစားခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့လည်း  ချဲလ်ဆီးကနေ ပေါင် ၁၀၃ သန်းနဲ့ ရီးရဲ့လ်အသင်းဆီရောင်းချခဲ့စဉ်က အောင်မြင်မှုအပေါ်မူတည်ပြီး ပေးချေရမယ့်ငွေကြေး ပမာဏတွေ ပါဝင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ ပေါင် ၁၅ သန်းအထိ ချဲလ်ဆီးက ရရှိတော့မှာပါ။ 

အသက် ၃၁ နှစ်ရှိလာတဲ့ ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၃ နှစ်တာကာလအတွင်း ၆၆ ပွဲသာကစား ခဲ့ရပြီး ၆ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ 

10 months Ago
Up