close

ချာနိုဘိုင်း

close

February 21, 2023

ချာနိုဘိုင်း သီးသန့်ဇုန်တွင် ယူကရိန်း စစ်ရေးလေ့ကျင့်

ယူကရိန်းစစ်တပ်ဟာ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အတူ ချာနိုဘိုင်း သီးသန့်ဇုန်ထဲမှာ ဖေဖော်ဝါရီ ၂၀ ရက်က  စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

ဒီလအစောပိုင်းက ချာနိုဘိုင်း သီးသန့်ဇုန်ထဲမှာ ယူကရိန်းက စစ်ရေးလေ့ကျင့်ခဲ့သလို မတူခြားနားတဲ့ တပ်ဖွဲ့တွေလည်း သင်တန်း လေ့ကျင့်ခဲ့သေးတယ်လို့ ယူကရိန်းပူးတွဲတပ်ဖွဲ့ရဲ့ တပ်မှူး ဆာရ်ဟီး နာယက်ဗ်က ပြောပါတယ်။

ယူကရိန်းအမြောက်တပ်တွေ၊ ခြေလျင်တပ်တွေနဲ့ လေယာဉ်ပစ်သေနတ်သမားတွေလည်း နယ်စပ်ကနေ ဘီလာရုစ်နိုင်ငံအထိ ၉ မိုင်လောက်အကွာမှာ မသုံးတော့တဲ့ နျူးကလီးယားစွမ်းအင် စီမံကိန်းဝင်းရဲ့ ပတ်လည်က စစ်ရေးလေ့ကျင့်မှုထဲမှာ ပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။

11 mins Ago

April 28, 2022

ချာနိုဘိုင်း နျူကလီးယားကပ်ဘေး နောက်တကြိမ် အဖြစ်မခံဟု ယူကရိန်းအစိုးရပြော

ရုရှားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုနဲ့ ကြုံနေရတဲ့ ယူကရိန်းနိုင်ငံမှာ ဒီရက်သတ္တပတ်ဟာ ချာနိုဘိုင်း နျူကလီးယားကပ်ဘေး အောက်မေ့ဖွယ် နေ့ရက်တွေလည်း ဖြစ်ပါတယ်။

၁၉၈၆ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ချာနိုဘိုင်း နျူကလီးယား ကပ်ဘေးသင့်တဲ့အဖြစ်မျိုး နောက်တကြိမ် အဖြစ်မခံတော့ဘူးလို့ ယူကရိန်းအစိုးရက ပြောပါတယ်။

မတ်လ ၃၁ ရက်နေ့ မတိုင်ခင်အထိ ရက်သတ္တပတ် ငါးပတ်လုံးလုံး ရုရှားတပ်တွေက ဝင်ရောက် ထိန်းချုပ်ခဲ့တဲ့ ချာနိုဘိုင်း နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ အခုတော့ ယူကရိန်းအစိုးရရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်နေပါပြီ။

ယူကရိန်း ပြည်ထဲရေးဝန်ကြီး ဒန်နီး မွန်နက်စတီစကီးက နျူကလီးယား ဓာတ်အားပေးစက်ရုံကို စနစ်တကျနဲ့ ဘေးကင်းလုံခြုံမှု ရှိစေဖို့၊ နျူကလီးယား စွန့်ပစ် လောင်စာတွေနဲ့ တခြား အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ အားလုံးကို လုံခြုံရေးစံနှုန်းတွေနဲ့ အညီ ထိန်းသိမ်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒီ နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ မြို့တော် ကိယက်ဗ်ကနေ တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာအဝေးမှာ တည်ရှိပြီး လွန်ခဲ့တဲ့ တလတုန်းက ဓာတ်ရောင်ခြည် ယိုစိမ့်မှု အနည်းငယ် ဖြစ်ခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

၁၉၈၆ ခုနှစ်တုန်းက နျူကလီးယား မတော်တဆ ဖြစ်ခဲ့တဲ့ ဒီစက်ရုံဟာ အခု ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့်လည်း အခြေအနေတွေကို ရှုပ်ထွေးစေပြီး နောက်ထပ် နျူကလီးယား မတော်တဆမှု ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

မတ်လတုန်းက စက်ရုံမှာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပြီး မီးသတ်သမားတွေ မီးငြှိမ်းသတ်ခဲ့ရပါသေးတယ်။

10 months Ago
Up