close

ချာနိုဘိုင်း သီးသန့်ဇုန်တွင် ယူကရိန်း စစ်ရေးလေ့ကျင့်

ယူကရိန်းစစ်တပ်ဟာ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အတူ ချာနိုဘိုင်း သီးသန့်ဇုန်ထဲမှာ ဖေဖော်ဝါရီ ၂၀ ရက်က  စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

ဒီလအစောပိုင်းက ချာနိုဘိုင်း သီးသန့်ဇုန်ထဲမှာ ယူကရိန်းက စစ်ရေးလေ့ကျင့်ခဲ့သလို မတူခြားနားတဲ့ တပ်ဖွဲ့တွေလည်း သင်တန်း လေ့ကျင့်ခဲ့သေးတယ်လို့ ယူကရိန်းပူးတွဲတပ်ဖွဲ့ရဲ့ တပ်မှူး ဆာရ်ဟီး နာယက်ဗ်က ပြောပါတယ်။

ယူကရိန်းအမြောက်တပ်တွေ၊ ခြေလျင်တပ်တွေနဲ့ လေယာဉ်ပစ်သေနတ်သမားတွေလည်း နယ်စပ်ကနေ ဘီလာရုစ်နိုင်ငံအထိ ၉ မိုင်လောက်အကွာမှာ မသုံးတော့တဲ့ နျူးကလီးယားစွမ်းအင် စီမံကိန်းဝင်းရဲ့ ပတ်လည်က စစ်ရေးလေ့ကျင့်မှုထဲမှာ ပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။

Up