ခုနှစ်ရာသီအကုန်မှာ လီဗာပူးကနေ ထွက်ခွာတော့မယ့် တောင်ပံတိုက်စစ်မှူး ချိန်ဘာလိန်ကို ပရီးမီးယားလိဂ်အသင်းတွေက အပြိုင်ကမ်းလှမ်းဖို့ပြင်ဆင်နေပါတယ်။
အင်္ဂလန် လက်ရွေးစင်ဟောင်းဟာ အခုနှစ်ရာသီအကုန်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့လည်း မရှိတော့တာပါ။
သူဟာ အခုနှစ်ရာသီမှာ လီဗာပူးအတွက် ၁၂ ပွဲသာ ကစားခွင့်ရခဲ့ပြီး အရန်ခုံထိုင်ရတဲ့ပွဲတွေက အများစုဖြစ်ပါတယ်။
အသက် ၂၉ နှစ်ရှိ တောင်ပံတိုက်စစ်မှူးကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အက်စ်တွန်ဗီလာ၊ နယူးကာဆယ်နဲ့ ဘရိုက်တန်အသင်းတွေက ခေါ်ယူလိုနေပြီး အီတလီ ကလပ်တွေကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ချိန်ဘာလိန်ဟာ ဆောက်သမ်တန်လူငယ် အသင်းကနေ ပေါ်ထွက်လာသူဖြစ်ပြီး အာဆင်နယ်မှာ ၆ နှစ်ကြာကစားခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်က လီဗာပူးအသင်းဆီပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးအသင်းကွင်းလယ်လူ ချိန်ဘာလိန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
နည်းပြတန်ဟတ်ဂ်ဟာ ပေါ့ဘာနဲ့ မာတစ်တို့ ထွက်ခွာသွားတဲ့ ကွင်းလယ်ပိုင်းအတွက် ကစားသမားတွေ အများအပြားနဲ့ ချိတ်ဆက်နေတာပါ။
ဘာစီလိုနာကွင်းလယ်လူ ဖရန့်ကီဒီယောင်းကို ခေါ်ယူဖို့ အခြေအနေ ကောင်းမွန်လာခဲ့သလို ချိန်ဘာလိန်ကို ခေါ်ယူဖို့လည်း ပစ်မှတ်ထားလာခဲ့တာပါ။
အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၉ ပွဲပဲ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ၁၈ ပွဲကို လူစားဝင်ကစားသမားအနေနဲ့ မိနစ်အနည်းငယ်သာ ကစားခွင့်ရခဲ့တာပါ။
အသင်းနဲ့ စာချုပ်သက် တမ်းတစ်နှစ်သာကျန်ရှိတော့ပြီး ပေါင် ၁၀ သန်းရဖို့ လီဗာပူးဘက်က အလိုရှိနေတယ်လို့ talkSPORT သတင်းမှာ ဖော်ပြပါတယ်။