close

ချီလီနီ

close

April 26, 2022

အာဂျင်တီးနားနှင့်ခြေစမ်းပွဲအပြီး လက်ရွေးစင်အဖြစ်မှ အနားယူမည်ဟု အီတလီနောက်ခံလူ ချီလီနီ ကြေညာ

လာမယ့်ဇွန်လအတွင်းမှာကစားမယ့် အာဂျင်တီးနားနဲ့ ခြေစမ်းပွဲအပြီးမှာ နိုင်ငံ့လက်ရွေးစင် ကစားသမားဘဝကနေ အနားယူမယ်လို့ အီတလီနောက်ခံလူ ချီလီနီက ပြောပါတယ်။ 

အသက် ၃၇ နှစ်ရှိ ချီလီနီဟာ လာမယ့်ဇွန်လ ၂ ရက်နေ့ အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်းမှာ အာဂျင်တီးနားနဲ့ ခြေစမ်းပွဲမှာ နောက်ဆုံးပွဲစဉ်အနေနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး နူတ်ဆက်ပွဲပါ တပါတည်း ပြုလုပ်သွားမှာပါ။ 

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာ ချန်ပီယံဖြစ်ခဲ့တာက နိုင်ငံအသင်းနဲ့အတူ အမြင့်မားဆုံး အောင်မြင်မှု အတွေ့အကြုံဖြစ်ပြီး အီတလီအသင်းအတွက် ကောင်းမွန်တဲ့ အမှတ်တရတွေနဲ့အတူ နှုတ်ဆက်မယ်လို့ ချီလီနီက ပြောပါတယ်။ 

၂၀၀၄ ခုနှစ်ကတည်းက အီတလီအတွက် စတင်ပွဲထွက်ခဲ့တဲ့ ချီလီနီဟာ စုစုပေါင်း ၁၁၆ ပွဲ ကစားခဲ့ပြီး အီတလီဘောလုံးသမိုင်းမှာ နိုင်ငံအသင်းအတွက် ပဥ္စမမြောက် ပွဲအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်းထားပါတယ်။ 

ချီလီနီအနေနဲ့ မိခင်ကလပ်အသင်း ဂျူဗင်တပ်ကနေတော့ အနားယူဖို့ မစဉ်းစားသေးဘဲ ဘယ်တော့မှာ အဆုံးသတ်မှာ မဟုတ်ကြောင်း ပြောထားပါတယ်။

11 mins Ago

May 23, 2020

ပခုံး အကိုက်ခံခဲ့ရပေမယ့် ဆွာရက်ဇ်၏ အပြုအမူကို ချီလီနီ ချီးကျူး

၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ပခုံး အကိုက်ခံခဲ့ရပေမယ့် တိုက်စစ်မှူးဆွာရက်ဇ်ကို ချီးကျူးတယ်လို့ အီတလီ နောက်ခံလူ ချီလီနီက ပြောပါတယ်။  အီတလီနဲ့ ဥရုဂွေးတို့ ကစားခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ ဆွာရက်ဇ်က ချီလီနီရဲ့ ပခုံးကို ကိုက်ခဲ့ပါတယ်။  ပွဲချိန်အတွင်းမှာ ဒိုင်လူကြီးက အရေးမယူခဲ့ပေမယ့် ပွဲပြီးလို့ ပြန်လည်စစ်ဆေးပြီးနောက် ဆွာရက်ဇ်ကိုလည်း ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။  Lo Giorgio ဆိုတဲ့ စာအုပ်မှာတော့ ချီလီနီက အဲဒီအချိန်တုန်းက အဖြစ်အပျက်ကို ပြန်လည် ရေးသားထားပြီး ပခုံးအကိုက်ခံခဲ့ရပေမယ့် ဆွာရက်ဇ်အပေါ် အပြစ်မတင်ကြောင်း ဆိုခဲ့တာပါ။  ရန်ငြိုးထားမှုဆိုတာ ဘောလုံးရဲ့ စိတ်အပိုင်းတခုဖြစ်ပြီး တရားမဝင်ဘူးလို့ မပြောလိုကြောင်း၊ ဆွာရက်ဇ်အနေနဲ့ အဲဒီပွဲတုန်းကလို ဉာဏ်နီဉာဏ်နက် မရှိခဲ့ဘူးဆိုရင် အခုလို ထိပ်တန်တိုက်စစ်မှူးတဦးဖြစ်လာမှာ မဟုတ်ကြောင်း ချီလီနီကပြောပါတယ်။  အီတလီအသင်းဟာ အဲဒီပွဲမှာ ဥရုဂွေးကို ၁ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။
2 years Ago
Up