close

အာဂျင်တီးနားနှင့်ခြေစမ်းပွဲအပြီး လက်ရွေးစင်အဖြစ်မှ အနားယူမည်ဟု အီတလီနောက်ခံလူ ချီလီနီ ကြေညာ

လာမယ့်ဇွန်လအတွင်းမှာကစားမယ့် အာဂျင်တီးနားနဲ့ ခြေစမ်းပွဲအပြီးမှာ နိုင်ငံ့လက်ရွေးစင် ကစားသမားဘဝကနေ အနားယူမယ်လို့ အီတလီနောက်ခံလူ ချီလီနီက ပြောပါတယ်။ 

အသက် ၃၇ နှစ်ရှိ ချီလီနီဟာ လာမယ့်ဇွန်လ ၂ ရက်နေ့ အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်းမှာ အာဂျင်တီးနားနဲ့ ခြေစမ်းပွဲမှာ နောက်ဆုံးပွဲစဉ်အနေနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး နူတ်ဆက်ပွဲပါ တပါတည်း ပြုလုပ်သွားမှာပါ။ 

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာ ချန်ပီယံဖြစ်ခဲ့တာက နိုင်ငံအသင်းနဲ့အတူ အမြင့်မားဆုံး အောင်မြင်မှု အတွေ့အကြုံဖြစ်ပြီး အီတလီအသင်းအတွက် ကောင်းမွန်တဲ့ အမှတ်တရတွေနဲ့အတူ နှုတ်ဆက်မယ်လို့ ချီလီနီက ပြောပါတယ်။ 

၂၀၀၄ ခုနှစ်ကတည်းက အီတလီအတွက် စတင်ပွဲထွက်ခဲ့တဲ့ ချီလီနီဟာ စုစုပေါင်း ၁၁၆ ပွဲ ကစားခဲ့ပြီး အီတလီဘောလုံးသမိုင်းမှာ နိုင်ငံအသင်းအတွက် ပဥ္စမမြောက် ပွဲအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်းထားပါတယ်။ 

ချီလီနီအနေနဲ့ မိခင်ကလပ်အသင်း ဂျူဗင်တပ်ကနေတော့ အနားယူဖို့ မစဉ်းစားသေးဘဲ ဘယ်တော့မှာ အဆုံးသတ်မှာ မဟုတ်ကြောင်း ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up