close

ချီလီအစိုးရ

close

February 5, 2023

တောမီးငြှိမ်းသတ်ရန် ချီလီအစိုးရက နိုင်ငံတကာထံ အကူအညီတောင်း

ချီလီနိုင်ငံမှာ ဆက်လောင်ကျွမ်းနေတဲ့ တောမီးကို အပြီးသတ်ငြှိမ်းသတ်နိုင်ဖို့ ချီလီအစိုးရက ဖေဖော်ဝါရီ ၄ ရက်မှာ နိုင်ငံတကာကို အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီတောမီးလောင်ကျွမ်းမှုကြောင့် နယ်မြေဧရိယာ ဟက်တာပေါင်း ထောင်နဲ့ချီ ပျက်စီး ဆုံးရှုံးခဲ့ရသလို လူဦးရေ ၁ ဒါဇင်ကျော်လည်း သေဆုံးခဲ့ရပါတယ်။

ချီလီနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတို့မှာ ပြင်းထန်တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် လက်ရှိ အချိန်အထိ လူ ၂၂ ဦး သေဆုံးခဲ့ပြီးပါပြီ။ 

ဧရိယာဟက်တာပေါင်း ၄ သောင်းလောက် ပျက်စီးဆုံးရှုံးနေပြီလို့ သတင်းရပြီးတဲ့နောက် အကူအညီထောက်ပံ့ပေးဖို့ ဘရားဇီးလ်၊ အာဂျင်တီးနားနဲ့ ဥရုဂွေးနိုင်ငံတို့ကို တောင်းဆိုခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ကယ်ရိုလီနာတိုဟာ က ပြောပါတယ်။ 

ချီလီနိုင်ငံတဝန်း ဒါဇင်နဲ့ချီတဲ့ တောမီးတွေ လောင်ကျွမ်းနေတာကြောင့် ချီလီအစိုးရက ဖေဖော်ဝါရီ ၃ ရက်မှာ အရေးပေါ်အမိန့်ကို သက်တမ်းတိုးခဲ့ပါတယ်။ 

ပိုပူပြင်းလာတဲ့ နွေရာသီအပူလှိုင်း တွေက ဒီတောမီး လောင်ကျွမ်းမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းရာမှာ ခက်ခဲရှုပ်ထွေးစေခဲ့တာပါ။ 

ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း မီးခိုးလှိုင်းလုံးကြီးတွေက လမ်းတွေမှာပိတ်ဆို့နေ တာကြောင့် တောမီးလောင်ကျွမ်းတဲ့နေရာတွေကို ရဟတ်ယာဉ်နဲ့ မီးသတ်ဆေး အမှုန့်တွေ ကြဲချခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ မှုန်ဝါးနေတဲ့ လိမ္မော်ရောင်ကောင်းကင်ကို နောက်ခံထားရင်း မီးသတ်သမားတွေ နဲ့အတူ ဒေသခံတွေကလည်း မီးတောက်မီးလျှံတွေကို ကန့်သတ်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေကြ တာပါ။ 

အမျိုးသားသစ်တော အေဂျင်စီ (CONAF)ကတော့ တောမီးလောင်ကျွမ်းမှုစုစုပေါင်း ၂၃၁ ခုထဲက အခု ၈၀ ကို ဆက်လက်ငြှိမ်းသတ်နေရဆဲဖြစ်ပေမယ့် ၁၅၁ ခုကတော့ ထိန်းချုပ်မှု အောက်မှာရှိနေပြီလို့ ဖေဖော်ဝါရီ ၄ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ချီလီနိုင်ငံက လက်ရှိတောမီးလောင်ကျွမ်းမှု ၂ ဒါဇင်လောက်ကို အနီရောင်အဆင့် သတိပေးချက် အဖြစ် သတ်မှတ်ထားဆဲပါ။ 

12 hours Ago

June 16, 2020

နိုင်ငံသားများကိုထောက်ပံ့ရန် ဘဏ္ဍာရေးအစီအစဉ် ချီလီအစိုးရ ကြေညာ

ချီလီအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် နိုင်ငံသားတွေကို ထောက်ပံ့ရေးနဲ့ စီးပွားရေး နှိုးဆွရေးတို့အတွက် ဒေါ်လာ ၁၂ ဘီလီယံ တန်ကြေးရှိတဲ့ ဘဏ္ဍာရေးအစီအစဉ်တရပ်ကို ဇွန် ၁၄ ရက်က ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ဟာ အစိုးရရဲ့ ကိုဗစ်-၁၉ ကပ်ဘေးကိုင်တွယ်ပုံကို ဝေဖန်မှုတွေ ရက်သတ္တပတ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် ထွက်လာတာပါ။ သမ္မတ ပင်ညဲရာဟာ ပြီးခဲ့တဲ့စနေနေ့က ကျန်းမာရေးဝန်ကြီး မန်နယ်လစ်ကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ ယခုဘဏ္ဍာရေးထောက်ပံ့မှု အစီအစဉ်အရ ချီလီရဲ့ နွမ်းပါးထိခိုက်မှုအလွယ်ဆုံး မိသားစုတွေဟာ တစ်ဦးချင်း ထောက်ပံ့ငွေ ချီလီပီဆိုငွေ ခြောက်သောင်းခွဲကနေ တသိန်း (၁၂၆ ဒေါ်လာ) အထိ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံအစိုးရတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေတိုးပေးမှာဖြစ်သလို ကလေးငယ်တွေကို စောင့်ရှောက်ရတဲ့ မိဘတွေ၊ အလုပ်လက်မဲ့ မိဘတွေအတွက်လည်း ရန်ပုံငွေ ထောက်ပံ့မှာဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
3 years Ago
Up