close

ချောက်ထဲကျ

close

January 29, 2023

ပီရူးတွင် ခရီးသည်တင်ဘတ်စ်ကား ချောက်ထဲကျပြီး ၂၄ ဦး သေဆုံး

ပီရူးနိုင်ငံမြောက်ပိုင်းမှာ ဇန်နဝါရီ ၂၈ ရက် အစောပိုင်းက ခရီးသည်အယောက် ၆၀ လိုက်ပါ စီးနင်းလာတဲ့ ဘတ်စ်ကားတစ်စီးဟာ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျခဲ့တာကြောင့် အနည်းဆုံးလူ ၂၄ ယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြည်တွင်းမီဒီယာတွေကို ပြောပါတယ်။

နိုင်ငံရဲ့ သယ်ယူပို့ဆောင်မှုကြီးကြပ်ရေးအေဂျင်စီ (SUTRAN)က ဒီဖြစ်ရပ်အပေါ် အတည်ပြု ထုတ်ပြန်ခဲ့ပေမယ့် သေဆုံးထိခိုက်ဒဏ်ရာရသူ အရေအတွက်ကိုတော့ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။

ကနဦးစုံစမ်းစစ်ဆေးချက်တွေအရ ဒီခရီးသည်တင်ဘတ်စ်ကားဟာ ဘေးကင်းလုံခြံရေးဆိုင်ရာ နောက်ဆုံးပေါ် စစ်ဆေးမှုနဲ့ မတော်တဆမှုအာမခံပါရှိပုံရတယ်လို့ ဖြည့်စွက် ပြောပါတယ်။

ဒီလိုယာဉ်မတော်တဆမှု ဖြစ်ရပ်တွေဟာ ပီရူးနိုင်ငံမှာ အဖြစ်များလေ့ရှိပြီး ယာဉ်မောင်းအများစုက အန္တရာယ်များတဲ့လမ်းတွေပေါ်မှာ သေချာလေ့ကျင့်မှုမရှိဘဲ မောင်းနှင်ခဲ့ကြတာကြောင့် ဖြစ်တယ်လို့ လည်း သိရပါတယ်။ 

3 hours Ago

July 4, 2022

ပါကစ္စတန်တွင် ခရီးသည်တင်ဘတ်စ်ကား ချောက်ထဲကျပြီး ၁၉ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံမှာ ခရီးသည် ၃၀ ကျော်ကို တင်ဆောင်ထားတဲ့ ဘတ်စ်ကား တစီးဟာ နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၃ ရက်က ချောက်ထဲ ထိုးကျလို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံးသွားပြီး ၁၄ ယောက် ဒဏ်ရာရသွားပါတယ်။

ဒေသအရာရှိတွေ အဆိုအရ ခရီးသည်တင်ကားဟာ ရာဝဲပင်ဒီမြို့ကနေ ကွာယက်တာမြို့ဆီကို သွားနေစဉ်မှာ မိုးသည်းထန်နေတုန်း အရှိန်နဲ့ မောင်းတာကြောင့် လမ်းချော်ပြီး ချောက်ထဲ ကျသွားတာလို့ ပြောပါတယ်။ 

သေဆုံးသွားသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်ပါတယ်။  အခင်းဖြစ်တဲ့ နေရာကို ရဲတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ချက်ချင်းရောက်သွားပြီး ဒဏ်ရာရသူတွေ ကို ဆေးရုံ ပို့ထားလိုက်ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

7 months Ago
Up