ပါကစ္စတန်တွင် ခရီးသည်တင်ဘတ်စ်ကား ချောက်ထဲကျပြီး ၁၉ ဦး သေဆုံး

3
ပါကစ္စတန်နိုင်ငံမှာ ခရီးသည် ၃၀ ကျော်ကို တင်ဆောင်ထားတဲ့ ဘတ်စ်ကား တစီးဟာ နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၃ ရက်က ချောက်ထဲ ထိုးကျလို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံးသွားပြီး ၁၄ ယောက် ဒဏ်ရာရသွားပါတယ်။
ဒေသအရာရှိတွေ အဆိုအရ ခရီးသည်တင်ကားဟာ ရာဝဲပင်ဒီမြို့ကနေ ကွာယက်တာမြို့ဆီကို သွားနေစဉ်မှာ မိုးသည်းထန်နေတုန်း အရှိန်နဲ့ မောင်းတာကြောင့် လမ်းချော်ပြီး ချောက်ထဲ ကျသွားတာလို့ ပြောပါတယ်။
သေဆုံးသွားသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်ပါတယ်။ အခင်းဖြစ်တဲ့ နေရာကို ရဲတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ချက်ချင်းရောက်သွားပြီး ဒဏ်ရာရသူတွေ ကို ဆေးရုံ ပို့ထားလိုက်ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။