close

ချဲလ်ဆီးကစားသမား

close

April 4, 2023

ပေါ်တာထုတ်ပယ်ခံရမှုအတွက် တာဝန်ခံမှုအပြည့်ဖြင့် နိုင်ပွဲယူပေးရန် ယာယီနည်းပြ တောင်းဆို

နည်းပြပေါ်တာထုတ်ပယ်ခံရမှုအတွက် တာဝန်ခံမှုအပြည့်နဲ့ နိုင်ပွဲယူပေးဖို့ ချဲလ်ဆီးကစားသမား တွေကို ယာယီနည်းပြ ဘရူနိုဆယ်တာက တိုက်တွန်းပြောသွားပါတယ်။

လက်ထောက်နည်းပြ ဘရူနိုဟာ ဘရိုက်တန်အသင်းမှာကတည်းက နည်းပြပေါ်တာနဲ့လက်တွဲခဲ့ပြီး ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့ချိန်မှာ နည်းပြပေါ်တာက ပြန်လည်ခေါ်ယူခဲ့တာပါ။

နည်းပြချုပ်ပေါ်တာနဲ့ နောက်ထပ် နည်းပြတစ်ဦးဖြစ်သူ ဘိုင်လီတို့ ထွက်ခွါသွားရတဲ့အပေါ် ဝမ်းနည်းမိပြီး သူတို့ဟာ ထိပ်တန်းနည်းပြတွေဖြစ် ကြောင်း၊ အသင်းကိုလွှဲပြောင်းတာဝန်ယူရတာ အလွန်ခက်ခဲ့ကြောင်း ယာယီနည်းပြ ဆယ်တာကပြောပါတယ်။

ဒါပေမဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ အသင်းကို ကူညီပေးနိုင်ဖို့ လုပ်ဆောင်သွားရမှာဖြစ်ပြီး အသင်းမှာရှိတဲ့ လူတွေအားလုံးက ပေါ်တာအတွက် တာဝန်ခံမှုအပြည့်နဲ့ နိုင်ပွဲတွေရယူပေးဖို့ လိုအပ်ကြောင်း နည်းပြဘရူနိုဆယ်တာက တိုက်တွန်းသွားပါတယ်။

12 mins Ago

August 18, 2022

ချဲလ်ဆီးကစားသမား ပူလီဆစ် မန်ယူအသင်းဆီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ရန်နီးစပ်

ချဲလ်ဆီးတိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်ဟာ မန်ယူအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့နီးစပ်နေပါတယ်။

ချဲလ်ဆီးအသင်းမှာ စတာလင်ရောက်ရှိလာပြီးနောက်မှာ အမေရိကန်ကစားသမား ပူလီဆစ်ဟာ အရန်ခုံမှာထိုင်နေရပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့အလိုရှိနေတာပါ။

အဲဒီအခြေအနေကို မန်ယူအသင်းကအခွင့်အကောင်းယူပြီး ပူလီဆစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းဖို့ပြင် ဆင်လာခဲ့တာပါ။

ချဲလ်ဆီးအသင်းဟာ ပူလီဆစ်ကို အပြီးသတ်ရောင်းချဖို့အထိတော့ စိတ်ကူးမရှိဘဲ အသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီးမှ တစ်ရာသီအငှားထွက်ကစားခွင့်ပေးဖို့စီစဉ်ထားပါတယ်။

ဒါပေမဲ့ ပူလီဆစ်ဘက်က စာချုပ်သက်တမ်းမတိုးချင်ရင်တော့ အပြီးသတ်ရောင်းချဖို့ အသင်းပိုင်ရှင် တော့ဘိုလီကဆန္ဒရှိနေတယ်လို့သိရပါတယ်။

မန်ယူအသင်းဟာ ကွင်းလယ်လူနေရာအတွက်လည်း ကစားသမားတွေရှာဖွေနေပြီး ကတ်စမဲရိုး၊ ကိုင်စီဒိုနဲ့ မီလန်ကိုဗစ်ဆာဗစ်တို့နဲ့လည်း သတင်းထွက်ပေါ်နေပါတယ်။

8 months Ago
Up