close

ချဲလ်ဆီးတိုက်စစ်မှူး

close

August 15, 2021

လူကာကူကြောင့် ချဲလ်ဆီးတိုက်စစ်မှူးများ အပြိုင်အဆိုင်ဖြစ်ရန် နည်းပြတူချယ် မျှော်လင့်

တိုက်စစ်မှူး လူကာကူကို ခေါ်ယူလိုက်တာကြောင့် တိုက်စစ်ကစားသမားတွေ ကြားမှာ ပွဲထွက်ခွင့်အတွက်ပြိုင်ဆိုင်မှုပိုမို ပြင်းထန်ဖို့ နည်းပြ တူချယ်ကမျှော်လင့်ထားပါတယ်။

မနှစ်က တိုက်စစ်ပိုင်းက ဂိုးရဖို့ရုန်းကန်ခဲ့ရတာကြောင့် လူကာကူကို ခေါ်ယူခဲ့တာဖြစ်ပြီး တခြားတိုက်စစ်ကစားသမားတွေလဲရှိတာကြောင့် ကောင်းမွန်တဲ့ အတွဲအဖက်ဖြစ်လာလိမ့်မယ် လို့လည်း ချဲလ်ဆီးနည်းပြတူချယ်ကပြောပါတယ်။

ချဲလ်ဆီးအသင်းဟာ မနှစ်က သွင်းဂိုးစုစုပေါင်း  ၅၈ ဂိုးသာရခဲ့ပြီး ပရီးမီးယားလိဂ်မှာ တိုက်စစ်စွမ်းဆောင်ရည် အဆင့် ၈ နေရာမှာသာ ရပ်တည်ခဲ့တာပါ။

ချဲလ်ဆီး အသင်းဟာ  မနေ့ညက ခရစ်တယ်ပဲလေ့ကို ၃ ဂိုးပြတ်နိုင်တဲ့ ပွဲစဉ်မှာ  တိုက်စစ်မှူး တီမိုဝါနာကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့ပေမဲ့ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ အလွန်ဆို၊ ပူလီဆစ်နဲ့ ချာလိုဘာ့ချ်တို့က ဂိုးတွေသွင်းပေးခဲ့တာပါ။

ချဲလ်ဆီး တိုက်စစ်ပိုင်းမှာ ဝါနာ၊ မေဆန်မောင့်နဲ့ ပူလီဆစ်တို့အပြင် ဇီယက်ချ်၊ ခိုင်ဟာဗက်ဇ်၊ ဟက်ဆန်အိုဒွိုင်းတို့လဲ  ရှိနေသေးတာဖြစ်ပါတယ်။

ကစားသမားသစ် လူကာကူကတော့ အသင်းကိုရောက်ရှိတာ မကြာသေးတာကြောင့် လာမယ့်တစ်ပတ်ပွဲစဉ်မှ စတင် ပါဝင်ကစားခွင့်ရဖို့ရှိပါတယ်။ 

1 hour Ago

July 21, 2021

ချဲလ်ဆီးတိုက်စစ်မှူး အေဗရာဟမ်ကို ခေါ်ယူနိုင်ရန် အာဆင်နယ်အသင်း နီးစပ်

အာဆင်နယ်အသင်းဟာ မြို့ခံပြိုင်ဘက် ချဲလ်ဆီးတိုက်စစ်မှူး အေဗရာဟမ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ 

ချဲလ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်မရဖြစ်ခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးကို စပါးနဲ့ ဝက်စ်ဟမ်းအသင်းတွေကလည်း အာဆင်နယ်နဲ့ အပြိုင်ခေါ်ယူလိုနေတာပါ။ 

ချဲလ်ဆီးဘက်ကတော့ အေဗရာဟမ်အတွက် ပေါင်သန်း ၄၀ သတ်မှတ်ထားပြီး အာဆင်နယ်အသင်းက အငှားစာချုပ်နဲ့အတူ အပြီးသတ်ဝယ်ယူနိုင်ဖို့ ပိုမိုနီးစပ်လာတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။ 

ချဲလ်ဆီးအသင်းဟာ နည်းပြတူချယ်လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ရှိနေပြီး အေဗရာဟမ်အနေနဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီကို လေးစားအားကျခဲ့သူ ဖြစ်တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ 

ချဲလ်ဆီးအသင်းဟာ အိုလီဗီယာ ဂျရူးကိုလည်း အေစီမီလန်ကို ရောင်းချထားပြီး အေဗရာဟမ်နေရာမှာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

4 weeks Ago
Up