လူကာကူကြောင့် ချဲလ်ဆီးတိုက်စစ်မှူးများ အပြိုင်အဆိုင်ဖြစ်ရန် နည်းပြတူချယ် မျှော်လင့်

တိုက်စစ်မှူး လူကာကူကို ခေါ်ယူလိုက်တာကြောင့် တိုက်စစ်ကစားသမားတွေ ကြားမှာ ပွဲထွက်ခွင့်အတွက်ပြိုင်ဆိုင်မှုပိုမို ပြင်းထန်ဖို့ နည်းပြ တူချယ်ကမျှော်လင့်ထားပါတယ်။
မနှစ်က တိုက်စစ်ပိုင်းက ဂိုးရဖို့ရုန်းကန်ခဲ့ရတာကြောင့် လူကာကူကို ခေါ်ယူခဲ့တာဖြစ်ပြီး တခြားတိုက်စစ်ကစားသမားတွေလဲရှိတာကြောင့် ကောင်းမွန်တဲ့ အတွဲအဖက်ဖြစ်လာလိမ့်မယ် လို့လည်း ချဲလ်ဆီးနည်းပြတူချယ်ကပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ မနှစ်က သွင်းဂိုးစုစုပေါင်း ၅၈ ဂိုးသာရခဲ့ပြီး ပရီးမီးယားလိဂ်မှာ တိုက်စစ်စွမ်းဆောင်ရည် အဆင့် ၈ နေရာမှာသာ ရပ်တည်ခဲ့တာပါ။
ချဲလ်ဆီး အသင်းဟာ မနေ့ညက ခရစ်တယ်ပဲလေ့ကို ၃ ဂိုးပြတ်နိုင်တဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး တီမိုဝါနာကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့ပေမဲ့ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ အလွန်ဆို၊ ပူလီဆစ်နဲ့ ချာလိုဘာ့ချ်တို့က ဂိုးတွေသွင်းပေးခဲ့တာပါ။
ချဲလ်ဆီး တိုက်စစ်ပိုင်းမှာ ဝါနာ၊ မေဆန်မောင့်နဲ့ ပူလီဆစ်တို့အပြင် ဇီယက်ချ်၊ ခိုင်ဟာဗက်ဇ်၊ ဟက်ဆန်အိုဒွိုင်းတို့လဲ ရှိနေသေးတာဖြစ်ပါတယ်။
ကစားသမားသစ် လူကာကူကတော့ အသင်းကိုရောက်ရှိတာ မကြာသေးတာကြောင့် လာမယ့်တစ်ပတ်ပွဲစဉ်မှ စတင် ပါဝင်ကစားခွင့်ရဖို့ရှိပါတယ်။