close

ချဲလ်ဆီး

close

May 5, 2023

သင်ခန်းစာယူစရာ အများကြီးရခဲ့ဟု ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဘိုလီ ဝန်ခံ

ချဲလ်ဆီးအသင်းကို တာဝန်ယူခဲ့တဲ့ ကာလအတွင်းမှာ သင်ခန်းစာယူစရာတွေ အများကြီး ရရှိခဲ့တယ်လို့ ပိုင်ရှင် တော့ဘိုလီက ပြောသွားပါတယ်။

တော့ဘိုလီဟာ ချဲလ်ဆီးအသင်းကို ရုရှားလူမျိုးပိုင်ရှင် အေဗရာမိုဗစ် လက်ထဲကနေ ဝယ်ယူခဲ့တာ ဖြစ်ပြီး ပထမဆုံးရာသီမှာပဲ ကစားသမားအပြောင်းအရွှေ့မှာ ပေါင်သန်း ၆၀၀ လောက် အသုံးပြုခဲ့တာပါ။

ပိုင်ရှင်သစ် တော့ဘိုလီလက်ထက်မှာ ငွေကြေးအသုံးပြုခဲ့သလောက် အောင်မြင်မှုမရခဲ့ဘဲ အမှတ်ပေးဇယား အဆင့် ၁၂ မှာ ရပ်တည်နေတာပါ။

အသင်းကို တည်ဆောက်ရာမှာ နည်းပြက ဦးဆောင်လမ်းပြသူဖြစ်တယ်ဆိုတဲ့ သင်ခန်းစာတွေ အများကြီး ရရှိခဲ့ကြောင်း၊ အသင်းပရိသတ်တွေဟာလည်း တောင်းဆိုမှုများပြီး ဆုဖလားတွေ ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ရေရှည်အစီအစဉ်နဲ့ အသင်းကို တည်ဆောက်ထားတာ ဖြစ်ကြောင်း ပိုင်ရှင် တော့ဘိုလီက ပြောပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ တချိန်မှာ အောင်မြင်မှုရရှိအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ထားကြောင်း အသင်းပိုင်ရှင် တော့ဘိုလီက ပြောပါတယ်။

11 mins Ago

April 26, 2023

မေဆန်မောင့်နှင့် ရိစ်ဂျိမ်းစ်တို့ ရာသီကုန်အထိ အနားယူရမည်ဟု နည်းပြလမ်းပတ် အတည်ပြု

ကွင်းလယ်လူ မေဆန်မောင့်နဲ့ နောက်ခံလူ ရိစ်ဂျိမ်းစ်တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။

ညာနောက်ခံလူ ဂျိမ်းစ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရခဲ့တာဖြစ်ပြီး မေဆန်မောင့်ကတော့ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ပြဿနာတခုကြောင့် ခွဲစိတ်ကုသခဲ့ရလို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်စစ်မှူး ခိုင်ဟာဗက်ဇ်ဟာလည်း ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်ကို လွဲချော်မှာဖြစ်ကြောင်း နည်းပြလမ်းပတ်က အတည်ပြုသွားပါတယ်။

ယာယီနည်းပြ လမ်းပတ်ဟာ အသင်းနဲ့ ၄ ပွဲ ကိုင်တွယ်ရာမှာ ၄ ပွဲစလုံး ရှုံးနိမ့်ခဲ့တာပါ။ ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီအတွက် အမြဲတမ်းနည်းပြအဖြစ် အာဂျင်တီးနားနည်းပြ ပိုချက်တီနိုနဲ့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

လမ်းပတ်အနေနဲ့ ရာသီကုန်တဲ့အထိ ဆက်လက်တာဝန်ယူဖို့ အာမခံချက် ရရှိထားတယ်လို့ သိရပါတယ်။

1 week Ago
Up