close

ခြိမ်းခြောက်တောင်းခံ

close

July 1, 2021

ဗန်းမော်တွင် CDMဝန်ထမ်းများ ချေးငွေပြန်ဆပ်ရန် စစ်ကောင်စီက ခြိမ်းခြောက်တောင်းခံနေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ရာထူးမှထုတ်ပယ်ခံထားရတဲ့ CDM ဝန်ထမ်းတွေထံကနေ ချေးငွေတွေကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်ပြီး ပြန်လည်တောင်းခံနေပါတယ်။

စစ်အာဏာမသိမ်းခင် အန်အယ်လ်ဒီအစိုးရက နိုင်ငံ့ဝန်ထမ်းတွေအတွက် ချေးငွေ ၂ လစာထုတ်ပေးထားခဲ့တာဖြစ်ပြီး ဒီငွေတွေကို ပြန်ဆပ်ဖို့မလိုတဲ့ ချေးငွေတွေအဖြစ် NUG အစိုးရ ကလည်းကြေညာထားပြီးဖြစ်ပါတယ်။

စစ်ကောင်စီက ချေးငွေတွေပြန်ဆပ်ဖို့ ခြိမ်းခြောက် တောင်းခံနေတာလို့ CDMဝန်ထမ်းတွေကပြောပါတယ်။

ဝန်ထမ်းဆရာမတစ်ဦးက "ကျမတို့အရင်က ပြည်သူ့အစိုးရကနေ ဝန်ထမ်းတွေကို သက်သာချောင်ချိရေးအတွက် ၂ လစာအတိုးမဲ့ ချေးငွေထုတ်ပေးတာကိုအခု CDM မလုပ်တဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက စာထုတ်ပြန်ပြီး တောင်းခံနေပါတယ်။ ပြန်မဆပ်ရင် တရားစွဲဆိုခံရမယ်လို့လည်း ခြိမ်းခြောက်ခံထားရပါတယ်။ အခုစားဝတ်နေရေးက ခက်ခဲပါတယ်ဆို ဒါမျိုးကိစ္စတွေကဖြစ်တော့ ပိုပြီးခက်ခဲလာတယ်။ ဒါပေမဲ့ CDM ကို အဆုံးထိပြုလုပ်ပြီး ပြည်သူတွေနဲ့ အတူရပ်တည်သွားမှာပါ"လို့ ပြောပါတယ်။

ဗန်းမော်မြို့နယ်မှာ  စစ်ကောင်စီကို အာဏာဖီဆန် CDM ပြုလုပ်ခဲ့ကြတဲ့ နိုင်ငံဝန်ထမ်းအားလုံးနီးပါး အလုပ်ထုတ်ခံထားရတဲ့အတွက် စစ်ကောင်စီက အရာထမ်းအမှုထမ်း သစ်တွေ အစားထိုးခန့်အပ်နေပါတယ်။

57 seconds Ago

June 24, 2021

သဲကုန်းမြို့နယ်တွင် ပြည်သူများစည်ပင်အခွန်ဆောင်ရန် ခြိမ်းခြောက်တောင်းခံနေ

ပဲခူးတိုင်းအနောက်ပိုင်း၊ သဲကုန်းမြို့နယ်အတွင်း မြို့တွေမှာ စည်ပင်သာယာနဲ့ပတ်သက်တဲ့ အခွန်အခတွေကို အမြန်ဆုံးပေးဆောင်ကြဖို့  စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေက ပြည်သူတွေထံက ခြိမ်းခြောက် တောင်းခံနေပါတယ်။ 

သဲကုန်းမြို့၊ ပုတီးကုန်းမြို့နဲ့ အင်းမမြို့တွေမှာ ခုလို အခွန်အဓမ္မ ကောက်ခံနေတာဖြစ်ပြီး အခွန်မပေးရန် ဆိုင်ခန်းတွေကို ဖယ်ရှားမယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံစျေးသည်တစ်ဦးက "သူတို့က စာထုတ်တာမဟုတ်ဘူး။ လူကိုယ်တိုင်လာပြောတာ။ ပြည်သူတွေကိုရော၊ စျေးဆိုင်တွေရောအကုန်ပါတယ်။ ဆိုင်ခွန် ဆိုင်းဘုတ်ခွန် အိမ်ခွန်  စည်ပင်သာယာနဲ့ ပတ်သက်တဲ့ အခွန်တွေအားလုံး အတင်း၊အဓမ္မ ခြောက်လှန့်ပြီးလာကောက်တာ။ လက်နက်တွေနဲ့ဆိုတော့ တချို့ပြည်သူတွေက ပေးဆောင်လိုက်တယ်။ သဲကုန်းက ပုတီးကုန်း၊ သဲကုန်း၊ ဝက်ပုတ်၊ အင်းမ၊ ဆင်မြီးဆွဲမြို့တွေပေါ့။ သဲကုန်းကမြို့နယ်ဆိုတော့ပိုပြီး တင်းကျပ်တယ်။ မဆောင်ရင် တရားဆွဲမယ် ဆိုင်ခန်းတွေ ဖယ်ရှားမယ်လို့ ပြောတယ်။ အိမ်မှာဖွင့်တဲ့ဆိုင်တွေရော စည်ပင်သာယာပိုင်တဲ့ ဆိုင်တွေရော အကုန်ပါတယ်'' လို့ပြောပါတယ်။

သဲကုန်းမြို့နယ်အတွင်း နိုင်ငံပိုင် စျေးဆိုင်းခန်း စုစုပေါင်း ၁၄၅၀ လောက်ရှိတယ်လို့ စည်ပင်သာယာရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

7 days Ago
Up