close

ဗန်းမော်တွင် CDMဝန်ထမ်းများ ချေးငွေပြန်ဆပ်ရန် စစ်ကောင်စီက ခြိမ်းခြောက်တောင်းခံနေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ရာထူးမှထုတ်ပယ်ခံထားရတဲ့ CDM ဝန်ထမ်းတွေထံကနေ ချေးငွေတွေကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်ပြီး ပြန်လည်တောင်းခံနေပါတယ်။

စစ်အာဏာမသိမ်းခင် အန်အယ်လ်ဒီအစိုးရက နိုင်ငံ့ဝန်ထမ်းတွေအတွက် ချေးငွေ ၂ လစာထုတ်ပေးထားခဲ့တာဖြစ်ပြီး ဒီငွေတွေကို ပြန်ဆပ်ဖို့မလိုတဲ့ ချေးငွေတွေအဖြစ် NUG အစိုးရ ကလည်းကြေညာထားပြီးဖြစ်ပါတယ်။

စစ်ကောင်စီက ချေးငွေတွေပြန်ဆပ်ဖို့ ခြိမ်းခြောက် တောင်းခံနေတာလို့ CDMဝန်ထမ်းတွေကပြောပါတယ်။

ဝန်ထမ်းဆရာမတစ်ဦးက "ကျမတို့အရင်က ပြည်သူ့အစိုးရကနေ ဝန်ထမ်းတွေကို သက်သာချောင်ချိရေးအတွက် ၂ လစာအတိုးမဲ့ ချေးငွေထုတ်ပေးတာကိုအခု CDM မလုပ်တဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက စာထုတ်ပြန်ပြီး တောင်းခံနေပါတယ်။ ပြန်မဆပ်ရင် တရားစွဲဆိုခံရမယ်လို့လည်း ခြိမ်းခြောက်ခံထားရပါတယ်။ အခုစားဝတ်နေရေးက ခက်ခဲပါတယ်ဆို ဒါမျိုးကိစ္စတွေကဖြစ်တော့ ပိုပြီးခက်ခဲလာတယ်။ ဒါပေမဲ့ CDM ကို အဆုံးထိပြုလုပ်ပြီး ပြည်သူတွေနဲ့ အတူရပ်တည်သွားမှာပါ"လို့ ပြောပါတယ်။

ဗန်းမော်မြို့နယ်မှာ  စစ်ကောင်စီကို အာဏာဖီဆန် CDM ပြုလုပ်ခဲ့ကြတဲ့ နိုင်ငံဝန်ထမ်းအားလုံးနီးပါး အလုပ်ထုတ်ခံထားရတဲ့အတွက် စစ်ကောင်စီက အရာထမ်းအမှုထမ်း သစ်တွေ အစားထိုးခန့်အပ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up