close

ခြိမ်းခြောက်မှု

close

April 1, 2023

အနောက်နိုင်ငံများ၏ ခြိမ်းခြောက်မှုကိုကာကွယ်ရန် နျူးလက်နက်များနေရာချထားဟု ဘီလာရုစ်သမ္မတ ပြော

ဘီလာရုစ်သမ္မတအလက်ဆန်းဒါ လူကာရှန်ကိုက နိုင်ငံတွင်းမှာနေရာချထားမယ့် ရုရှားပိုင် နည်းဗျူဟာမြောက် နျူးကလီးယားလက်နက်တွေဟာ အနောက်နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်နိုင်ဖို့အတွက် ဖြစ်တယ်လို့ မတ် ၃၁ ရက်မှာ ပြောကြားပါတယ်။ 

အိမ်နီးချင်း ပိုလန်နိုင်ငံကတဆင့် ဘီလာရုစ်နိုင်ငံအပေါ် ကျူးကျော်ကာ နိုင်ငံကို ဖျက်ဆီးပစ်မယ့် အစီအစဉ်အတွက် အနောက်နိုင်ငံတွေဘက်က ပြင်ဆင်နေတယ်ဆိုပြီး လူကာရှန်ကိုက သူ့ရဲ့ နှစ်စဉ်မိန့်ခွန်းအတွင်း လွှတ်တော်အမတ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပြောဆိုခဲ့တာပါ။

ရုရှားသမ္မတပူတင်ကလည်း နိုင်ငံပိုင် နျူးကလီးယားလက်နက်တွေကို ဘီလာရုစ်နိုင်ငံမှာ နေရာချထားမှာဖြစ်တယ်လို့ မတ် ၂၅ ရက်မှာ ပြောဆိုထားပါတယ်။ 

ဒါကြောင့် ၁၉၉၁ ခုနှစ်က ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း နျူးကလီးယား လက်နက်ကြီးတွေကို နိုင်ငံ နယ်နိမိတ်ပြင်ပမှာ ပထမဆုံးဖြန့်ကြက်နေရာချမှု ဖြစ်လာမှာပါ။

အမေရိကန်နိုင်ငံနဲ့ မဟာမိတ်တွေက လူကာရှန်ကိုရဲ့  ၂၈ နှစ်ကြာ အာဏာဆုပ်ကိုင်ထားမှုကနေ သူ့ကိုဖြုတ်ချနိုင်ဖို့ ဖိအားပေး လှုံ့ဆော်ခဲ့ပြီးနောက် ဒီဒုံးကျည်တွေကသာ အကာအကွယ်ပေးနိုင် မယ်လို့လည်း ဆိုပါတယ်။ 

မတ် ၃၁ ရက် မိန့်ခွန်းထဲမှာ ယူကရိန်းနိုင်ငံအတွင်း ချက်ချင်းအပစ်အခတ်ရပ်စဲဖို့အပြင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ပြေငြိမ်းမှုဆိုင်ရာ ဆွေးနွေပွဲတွေကိုပါ စတင်ဖို့ လူကာရှန်ကိုက တောင်းဆိုလိုက်ပါတယ်။ 

ဒါပေမဲ့ ရုရှားဘက်က ခြိမ်းခြောက်ခံရတယ် လို့ ယူဆလာပါက "ကြောက်စရာအကောင်းဆုံး လက်နက်" ကို အသုံးချဖို့ တွန်းအားဖြစ်လာနိုင်တယ်လို့လည်း ဘီလာရုစ်သမ္မတက သတိပေး ပြောဆိုခဲ့ပါတယ်။

60 mins Ago

February 26, 2023

ချဲလ်ဆီးနည်းပြပေါ်တာ ပရိသတ်များ၏ ခြိမ်းခြောက်မှု ခံနေရ

ချဲလ်ဆီးအသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေမှုကြောင့် ပရိသတ်တွေရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံ နေရကြောင်း  နည်းပြ ဂရေဟမ်ပေါ်တာက ပြောပါတယ်။ 

အင်္ဂလန်နည်းပြဟာ ချဲလ်ဆီးအသင်းနဲ့ နောက်ဆုံး ၁၄ ပွဲမှာ ၂ ပွဲသာ နိုင်ပွဲရအောင် စွမ်းဆောင် နိုင်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းပရိသတ်တွေဆီကနေ  အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ခံနေရကြောင်း ပြောခဲ့တာပါ။ 

အီးမေးလ်ကနေတဆင့် ဂရေဟမ် ပေါ်တာအပြင် မိသားစုဝင်တွေကိုပါ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပြီး စိတ်မသက်မသာ ခံစားရကြောင်း နည်းပြပေါ်တာက ပြောပါတယ်။

ဝေဖန်မှုတွေအပေါ် လက်ခံနိုင်ပေမယ့် အသက်အန္တရာယ် ခြိမ်းခြောက်တာမျိုးကတော့ မလုပ်သင့်တဲ့ ကိစ္စဖြစ်ကြောင်း၊ အသင်းအတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နေပြီး အဲဒါက မလုံလောက်ခဲ့ဘူးဆိုရင်တော့ တာဝန်ယူလက်ခံသွားမှာဖြစ်ကြောင်း နည်းပြ ဂရေဟမ်ပေါ်တာက ပြောပါတယ်။ 

ပေါ်တာရဲ့ ချဲလ်ဆီးအသင်းဟာ ဖေဖော်ဝါရီ ၂၆ ရက် ဒီနေ့ ည ၈ နာရီမှာ စပါးအသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

1 month Ago
Up