close

ချဲလ်ဆီးနည်းပြပေါ်တာ ပရိသတ်များ၏ ခြိမ်းခြောက်မှု ခံနေရ

ချဲလ်ဆီးအသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေမှုကြောင့် ပရိသတ်တွေရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံ နေရကြောင်း  နည်းပြ ဂရေဟမ်ပေါ်တာက ပြောပါတယ်။ 

အင်္ဂလန်နည်းပြဟာ ချဲလ်ဆီးအသင်းနဲ့ နောက်ဆုံး ၁၄ ပွဲမှာ ၂ ပွဲသာ နိုင်ပွဲရအောင် စွမ်းဆောင် နိုင်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းပရိသတ်တွေဆီကနေ  အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ခံနေရကြောင်း ပြောခဲ့တာပါ။ 

အီးမေးလ်ကနေတဆင့် ဂရေဟမ် ပေါ်တာအပြင် မိသားစုဝင်တွေကိုပါ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပြီး စိတ်မသက်မသာ ခံစားရကြောင်း နည်းပြပေါ်တာက ပြောပါတယ်။

ဝေဖန်မှုတွေအပေါ် လက်ခံနိုင်ပေမယ့် အသက်အန္တရာယ် ခြိမ်းခြောက်တာမျိုးကတော့ မလုပ်သင့်တဲ့ ကိစ္စဖြစ်ကြောင်း၊ အသင်းအတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နေပြီး အဲဒါက မလုံလောက်ခဲ့ဘူးဆိုရင်တော့ တာဝန်ယူလက်ခံသွားမှာဖြစ်ကြောင်း နည်းပြ ဂရေဟမ်ပေါ်တာက ပြောပါတယ်။ 

ပေါ်တာရဲ့ ချဲလ်ဆီးအသင်းဟာ ဖေဖော်ဝါရီ ၂၆ ရက် ဒီနေ့ ည ၈ နာရီမှာ စပါးအသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

Up