close

ခြေစစ်ပွဲ

close

March 28, 2022

ခြေစစ်ပွဲမအောင်မြင်ခဲ့သည့်အပေါ် လူငယ်ကစားသမားများကို အပြစ်မတင်ရန် ဗာရက်တီပြော

အီတလီအသင်းအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်ခဲ့တဲ့အပေါ်မှာ လူငယ်ကစားသမားတွေကို အပြစ်မတင်ဖို့ ကွင်းလယ်လူ ဗာရက်တီက ပြောပါတယ်။

အီတလီအသင်းဟာ ခြေစစ်ပွဲပလေးအော့ဖ်ဆီမီးဖိုင်နယ်မှာ မြောက်မက်ဆီဒိုးနီးယားကို ၁ ဂိုး ဂိုးမရှိနဲ့ရူံးနိမ့်ပြီး ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတာပါ။

အီတလီ အသင်းဟာ အင်္ဂါနေ့မှာတော့ တူရကီနဲ့ ခြေစမ်းကစားဖို့ရှိပြီး အသင်းရဲ့ စီနီယာကစားသမားတွေကို ပြန်လည်စေလွှတ်ခဲ့ပါတယ်။

လူငယ်ကစားသမားတွေနဲ့ပဲ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမှာဖြစ်ပြီး လူငယ်တွေကို ပစ်မှတ်ထားပြီး အပြစ်မတင်ဖို့ ကွင်းလယ်လူဗာရက်တီက တောင်းဆိုခဲ့တာပါ။

အသက် ၂၉ နှစ်ရှိ ပီအက်စ်ဂျီကွင်းလယ်လူဟာ အီတလီအသင်းရဲ့ စီနီယာကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ခြေစစ်ပွဲမအောင်မြင်ခဲ့ပေမယ့် အသင်းအတွက် ကြိုးစားမှုမလျော့ခဲ့ဘူးလို့ ပြောပါတယ်။ 

“ဒီကျရူံးမှုအတွက် အားလုံးကို အပြစ်တင်တာက အကောင်းဆုံးနည်းလမ်းလို့တော့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကစားသမားတစ်ယောက်ချင်းစီက ရှိသမျှအကုန်ပေးဆပ်ပြီး ကစားခဲ့တာပါ။ မမျှော်လင့်စွာနဲ့ပဲ ဒါကလုံလောက်မှုတော့မရှိခဲ့ဘူးပေါ့။ ခြေစမ်းပွဲမှာ လူငယ်ကစားသမားတွေကို အပြစ်မတင်စေချင်ပါဘူး။ အပြစ်တင်ချင်တယ်ဆိုရင် ကျနော်တို့လို့ စီနီယာကစားသမားတွေကိုပဲ ပြစ်တင်လိုက်ပါ” လို့  ဗာရက်တီကပြောပါတယ်။ 

အီတလီဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း ခြေစစ်ပွဲမအောင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို  ၂ ကြိမ်ဆက်တိုက်လွဲချော်ခဲ့ပါတယ်။ 

12 mins Ago

February 7, 2020

အိုလံပစ်ခြေစစ်ပွဲတွင် မြန်မာ့အမျိုးသမီးအသင်း ဗီယက်နမ်ကို ရှုံးနိမ့်

၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ တတိယအဆင့် အုပ်စု (က) နောက်ဆုံးပွဲစဉ်အဖြစ် မနေ့ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက ဗီယက်နမ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ နောက်တဆင့်တက်ရောက်နိုင်ရေးအတွက် မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲချိန် ၆၂ မိနစ်မှာ ဗီယက်နမ်တိုက်စစ်မှူး Ngan Thi Van SU သွားယူခဲ့တဲ့ဂိုးနဲ့ ဗီယက်နမ်က အနိုင်ရရှိခဲ့တာပါ။ ၂၀၂၀ အိုလံပစ် အမျိုးသမီး အိုလံပစ်ခြေစစ်ပွဲ တတိယအဆင့် အုပ်စု (က) မှာ မြန်မာ၊ တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းဟာ တပွဲမှ နိုင်ပွဲမရရှိခဲ့တာကြောင့် တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်အတွက် နောက်ဆုံးကစားရမယ့် ၄ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဂိုးသမား မြဖူးငုံက "ကျနော်တို့အသင်းကစားသမားတွေ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒီလိုပွဲတွေမှာ အာရုံစိုက်မှုတချက်လွတ်သွားတာနဲ့ ဂိုးပေးရတဲ့အခြေအနေကို ရောက်သွားပါတယ်။ ဂိုးပေးပြီးနောက်ပိုင်းမှာ ချေပဂိုးပြန်သွင်းနိုင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ ဗီယက်နမ်အသင်းခံစစ်က အကောင်းဆုံးကစားသွားနိုင်လို့ ပွဲအပြီးမှာ ၁-၀ ဂိုးရလဒ်ပဲ အဆုံးသတ်ခဲ့တာပါ" လို့ ပွဲအပြီး ပြောကြားခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
2 years Ago
Up