close

ခြေစစ်ပွဲမအောင်မြင်ခဲ့သည့်အပေါ် လူငယ်ကစားသမားများကို အပြစ်မတင်ရန် ဗာရက်တီပြော

အီတလီအသင်းအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်ခဲ့တဲ့အပေါ်မှာ လူငယ်ကစားသမားတွေကို အပြစ်မတင်ဖို့ ကွင်းလယ်လူ ဗာရက်တီက ပြောပါတယ်။

အီတလီအသင်းဟာ ခြေစစ်ပွဲပလေးအော့ဖ်ဆီမီးဖိုင်နယ်မှာ မြောက်မက်ဆီဒိုးနီးယားကို ၁ ဂိုး ဂိုးမရှိနဲ့ရူံးနိမ့်ပြီး ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတာပါ။

အီတလီ အသင်းဟာ အင်္ဂါနေ့မှာတော့ တူရကီနဲ့ ခြေစမ်းကစားဖို့ရှိပြီး အသင်းရဲ့ စီနီယာကစားသမားတွေကို ပြန်လည်စေလွှတ်ခဲ့ပါတယ်။

လူငယ်ကစားသမားတွေနဲ့ပဲ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမှာဖြစ်ပြီး လူငယ်တွေကို ပစ်မှတ်ထားပြီး အပြစ်မတင်ဖို့ ကွင်းလယ်လူဗာရက်တီက တောင်းဆိုခဲ့တာပါ။

အသက် ၂၉ နှစ်ရှိ ပီအက်စ်ဂျီကွင်းလယ်လူဟာ အီတလီအသင်းရဲ့ စီနီယာကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ခြေစစ်ပွဲမအောင်မြင်ခဲ့ပေမယ့် အသင်းအတွက် ကြိုးစားမှုမလျော့ခဲ့ဘူးလို့ ပြောပါတယ်။ 

“ဒီကျရူံးမှုအတွက် အားလုံးကို အပြစ်တင်တာက အကောင်းဆုံးနည်းလမ်းလို့တော့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကစားသမားတစ်ယောက်ချင်းစီက ရှိသမျှအကုန်ပေးဆပ်ပြီး ကစားခဲ့တာပါ။ မမျှော်လင့်စွာနဲ့ပဲ ဒါကလုံလောက်မှုတော့မရှိခဲ့ဘူးပေါ့။ ခြေစမ်းပွဲမှာ လူငယ်ကစားသမားတွေကို အပြစ်မတင်စေချင်ပါဘူး။ အပြစ်တင်ချင်တယ်ဆိုရင် ကျနော်တို့လို့ စီနီယာကစားသမားတွေကိုပဲ ပြစ်တင်လိုက်ပါ” လို့  ဗာရက်တီကပြောပါတယ်။ 

အီတလီဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း ခြေစစ်ပွဲမအောင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို  ၂ ကြိမ်ဆက်တိုက်လွဲချော်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up