close

ခြေလျင်စစ်ကြောင်း

close

April 4, 2022

မတ္တရာတွင် စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်းနယ်ကို  နယ်မြေရှင်းလင်းရေး ခြေလျင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပကဖ(မတ္တရာ)ဆီက သိရပါတယ်။

ဧပြီ ၃ ရက်နေ့ ညနေ ၄ နာရီခန့်က အင်အား ၃၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကင်းကျေးရွာ အရှေ့မြောက်ဘက်ရှိ နဂါးပတ်တောင်အနီးမှာ ပကဖ(မတ္တရာ) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းကို တိုက်ရိုက်ထိမှန်ခဲ့ပြီး အထိအခိုက် အကျအဆုံး များနိုင်တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ကင်းကျေးရွာက ပျူစောထီး ခေါင်းဆောင်ကို အမည်မသိ အဖွဲ့တခုက သုတ်သင်ရှင်းလင်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နယ်မြေရှင်းလင်းရေး ရောက်ရှိလာကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၁၀ ဦးလောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

1 min Ago

February 11, 2022

မတ္တရာတွင် အင်အား၃၀ကျော်ပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ခြေလျင် စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀ ကျော်ပါ စစ်ကောင်စီ တပ်ဖွဲတစ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပကဖ(မတ္တရာ) က ပြောပါတယ်။

သဖန်းကိုင်းအုပ်စု မြောင်းသစ်ရွာနဲ့ လမိုင်းအုပ်စု ကြပ်ပြင်ရွာအကြားက လက်တံမြောင်း-၂ ဘောင်ပေါ်မှာ ၉ လုံးပါ ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ မတ္တရာအရှေ့ပိုင်းနယ်သို့ လွန်ခဲ့တဲ့ တစ်ပတ်ခန့်ကစတင်ပြီး နယ်မြေရှင်းလင်းရေး ရောက်ရှိနေတာဖြစ်ပြီး  မတ္တရာအရှေ့ပိုင်းနယ်အတွင်းရှိ လမိုင်းရွာ၊ ကျောက်တံတားရွာ၊ ကင်းရွာတွေမှာ တစ်ညစီ  တပ်စွဲကာ  သဖန်းကိုင်းကျေးရွာမှာ သုံးည တပ်စွဲခဲ့ကြောင်း၊ အပြန်မှာ ၉ လုံးပါ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်များနိုင်တယ်လို့ ပကဖ(မတ္တရာ)က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းဘက်က ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ပကဖ-(မတ္တရာ) နဲ့ Mandalay People's Defense Force (MPDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆက်လက်သိရပါတယ်။

ဓာတ်ပုံ ပကဖ(မတ္တရာ)

2 months Ago
Up