close

မတ္တရာတွင် အင်အား၃၀ကျော်ပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ခြေလျင် စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀ ကျော်ပါ စစ်ကောင်စီ တပ်ဖွဲတစ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပကဖ(မတ္တရာ) က ပြောပါတယ်။

သဖန်းကိုင်းအုပ်စု မြောင်းသစ်ရွာနဲ့ လမိုင်းအုပ်စု ကြပ်ပြင်ရွာအကြားက လက်တံမြောင်း-၂ ဘောင်ပေါ်မှာ ၉ လုံးပါ ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ မတ္တရာအရှေ့ပိုင်းနယ်သို့ လွန်ခဲ့တဲ့ တစ်ပတ်ခန့်ကစတင်ပြီး နယ်မြေရှင်းလင်းရေး ရောက်ရှိနေတာဖြစ်ပြီး  မတ္တရာအရှေ့ပိုင်းနယ်အတွင်းရှိ လမိုင်းရွာ၊ ကျောက်တံတားရွာ၊ ကင်းရွာတွေမှာ တစ်ညစီ  တပ်စွဲကာ  သဖန်းကိုင်းကျေးရွာမှာ သုံးည တပ်စွဲခဲ့ကြောင်း၊ အပြန်မှာ ၉ လုံးပါ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်များနိုင်တယ်လို့ ပကဖ(မတ္တရာ)က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းဘက်က ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ပကဖ-(မတ္တရာ) နဲ့ Mandalay People's Defense Force (MPDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆက်လက်သိရပါတယ်။

ဓာတ်ပုံ ပကဖ(မတ္တရာ)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up