close

ခွင့်ပြုချက်

close

May 6, 2023

ခွင့်ပြုချက်မရဘဲ ဆော်ဒီသို့ အလည်အပတ်သွားခဲ့သည့်အပေါ် မက်ဆီတောင်းပန်

အသင်းရဲ့ခွင့်ပြုချက်မရဘဲ ဆော်ဒီနိုင်ငံဆီ အလည်အပတ်သွာရောက်ခဲ့တဲ့အပေါ် ပီအက်စ်ဂျီ အသင်းကို မက်ဆီက တောင်းပန်စကားဆိုခဲ့ပါတယ်။ 

မက်ဆီဟာ ဆော်ဒီနိုင်ငံရဲ့ခရီးသွားသံတမန် အဖြစ်ခန့်အပ်ခဲ့ထားရသူဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်က မိသားစုဝင်တွေနဲ့အတူ သွားရောက်လည်ပတ်ခဲ့တာပါ။

အဲဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီအသင်းဘက်က ခွင့်ပြုထားတာမဟုတ်တဲ့အတွက် နှစ်ပတ်ကြာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

မက်ဆီဘက်ကတော့ အင်စတာဂရမ်အကောင့်ကနေ တစ်ဆင့် စာနဲ့ရော၊ Video ဖိုင်နဲ့ပါ ပီအက်စ်ဂျီအသင်းကို တောင်းပန်သွားခဲ့ပြီး အရင်တစ်ကြိမ်ကလည်း ခရီးစဉ်ကိုပယ် ဖျက်ခဲ့တာကြောင့် ဒီတစ်ကြိမ်မှာ မဖြစ်သာတော့လို့ သွားခဲ့ရတာဖြစ်ကြောင်း တောင်းပန်စာမှာ ပြောထားပါတယ်။ 

ခွင့်ပြုချက်မရဘဲသွားရောက်ခဲ့တဲ့အတွက် အသင်းဖော်တွေကို တောင်းပန်သလို အသင်းဘက်က ဖြစ်ချင်တာကိုလည်း နာခံဖို့အသင့်ရှိကြောင်း မက်ဆီကပြောပါတယ်။

မက်ဆီဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ ငြင်းဆန်ထားတာကြောင့် အသင်းပြောင်းရွှေ့ဖို့ရှိပါတယ်။

6 mins Ago

May 23, 2022

မုန်းမြို့နယ်တွင် မည်သည့်ကိစ္စမဆို ဆောင်ရွက်လိုပါက ခွင့်ပြုချက်ယူရန် ကေအန်ယူတိုက်တွန်း

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေ မုန်းမြို့နယ်ရဲ့ စီမံအုပ်ချုပ်မှု နယ်မြေအတွင်း ဆောင်ရွက်လိုတဲ့ ဘယ်ကိစ္စကိုမဆို သက်ဆိုင်ရာ မြို့နယ်ခွင့်ပြုချက်ရယူပြီး သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ စည်းမျည်းစည်းကမ်းနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ ကေအန်ယူ မုန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပြည်သူတွေကို အသိပေးထုတ်ပြန်လိုက်ပါတယ်။ 

မုန်းမြို့နယ်ရဲ့စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်နဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်လုပ်ကိုင်လိုပါက ကေအန်ယူ မုန်းမြို့နယ်သို့ တရားဝင်တင်ပြ တောင်းခံခွင်ပြုချက်ရမှသား လုပ်ဆောင်ဖို့  မေလ ၂၁ ရက်က ထုတ်ပြန်တာပါ။ 

မုန်းမြို့နယ်ရဲ့ စီမံအုပ်ချုပ်မှု နယ်မြေအတွင်း ဒေသခံ ပြည်သူလူထုတွေအနေနဲ့ မိမိပိုင်ဆိုင်မှု မှန်သမျှကို တရားဝင် အသိအမှတ်ပြုနိုင်ဖို့ ကေအန်ယူ မုန်းမြို့နယ်ရုံးမှာ တရားဝင် စာရင်းသွင်း မှတ်ပုံတင်ရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 

ဒါအပြင် သစ်တော၊ ရေလုပ်ငန်းနဲ့ သဘာဝ သယံဇာတတွေကို ဆောင်ရွက်လုပ်ကိုင်လိုပါကလည်း သက်ဆိုင်ရာဌာနတွေရဲ့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဝင်ရောက်လုပ်ကိုင်ဖို့နဲ့ မုန်းမြို့နယ်ရဲ့ စီမံအုပ်ချုပ်မှု နယ်မြေအတွင်း မူးယစ်ဆေးဝါနဲ့ လောင်းကစားတွေ လုံးဝ မပြုလုပ်ဖို့လည်း တားမြစ်ထားပါတယ်။ 

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ပျံ့ပွားမှု ထိန်းချုပ်ကာကွယ်နိုင်ဖို့လည်း ကေအန်ယူ မုန်းမြို့နယ် ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးဌာနရဲ့ လမ်းညွန်မှုအတိုင်း လိုက်နာ ဆောင်ရွက်ဖို့  ကေအန်ယူ မုန်းမြို့နယ်အတွင်းရေးမှူး စောဟူးသော လက်မှတ်နဲ့ ထုတ်ပြန်ထားပါတယ်။ 

ဒီထုတ်ပြန်ချက်တွေကို ပြည်သူလူထုအနေနဲ့ တိကျစွာ လိုက်နာဆောင်ရွက်ဖို့နဲ့ ညွန်ကြားချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ကေအန်ယူမှ ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

12 months Ago
Up