close

ဂန့်ဂေါမြို့

close

February 4, 2023

ဂန့်ဂေါမြို့ရှိ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း ဂန့်ဂေါမြို့မှာ ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက် အပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-YPDF ကနေ သိရပါတယ်။

ဂန့်ဂေါမြို့တောင်ဘက်ရှိ မြို့ဝင်စစ်ဆေးရေးဂိတ်ကို မနေ့ မနက်ပိုင်းက YPDF ရဲ့ လက်ဖြောင့် တပ်သား(Rifle Man) တွေက ခြုံခိုတိုက်ခိုက်ခဲ့လို့ ၂ ယောက် ထိမှန်ပြီး အပြင်းထန် ဒဏ်ရာရကာ သေဆုံးနိုင်တယ်လို့ YPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လက်ဖြောင့် သေနတ်သမားတွေရဲ့ ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီဘက်က ၄၀ မမ ဗုံးသီး တွေ၊ စက်သေနတ်တွေ၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ပြန်ကြားရေးတာဝန်ခံက “စစ်ဆင်ရေးကို အချိန် ၂ မိနစ် သတ်မှတ်ထားပေမယ့် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်လို့ ၁၀ မိနစ်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ ကျနော်တို့ ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်”လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

9 hours Ago

October 8, 2022

ဂန့်ဂေါမြို့တွင် ဒေသခံ ၁ ဦးကို PDF ဟုစွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီး

မကွေးတိုင်း ဂန့်ဂေါမြို့မှာ အောက်တိုဘာ ၇ ရက်မနက်ပိုင်းက ဒေသခံတယောက်ကို စစ်အုပ်စုက PDF လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန်ဂေါမြို့ အမှတ် ၁၁ ရပ်ကွက်မှာ အဲဒီနေ့ မနက် ၁၀ နာရီလောက်က ကိုဇော်မြင့်ထွန်းကို PDF သင်တန်းဆင်းလို့ စွပ်စွဲဖမ်းဆီးပြီး စစ်အုပ်စုက ဂန့်ဂေါမြို့မရဲစခန်းစစ်ကြောရေးမှာ စစ်ဆေးမေးမြန်းနေတယ်လို့  ဂန့်ဂေါမြို့ခံ တယောက်က ပြောပါတယ်။

စစ်ကောင်စီဟာ ဒေသခံတွေကို PDF တပ်ဖွဲ့ဝင်၊ PDF ထောက်ပံ့သူ၊ မမှန်သတင်းရေးသား ဖြန့်ဝေသူလို့ ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ အောက်တိုဘာ ၇ ရက်အထိ နိုင်ငံတဝန်း  ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂၅၈၆ ယောက်အနက် ၁၅၀၈ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

4 months Ago
Up