close

ဂန့်ဂေါမြို့တွင် ဒေသခံ ၁ ဦးကို PDF ဟုစွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီး

မကွေးတိုင်း ဂန့်ဂေါမြို့မှာ အောက်တိုဘာ ၇ ရက်မနက်ပိုင်းက ဒေသခံတယောက်ကို စစ်အုပ်စုက PDF လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန်ဂေါမြို့ အမှတ် ၁၁ ရပ်ကွက်မှာ အဲဒီနေ့ မနက် ၁၀ နာရီလောက်က ကိုဇော်မြင့်ထွန်းကို PDF သင်တန်းဆင်းလို့ စွပ်စွဲဖမ်းဆီးပြီး စစ်အုပ်စုက ဂန့်ဂေါမြို့မရဲစခန်းစစ်ကြောရေးမှာ စစ်ဆေးမေးမြန်းနေတယ်လို့  ဂန့်ဂေါမြို့ခံ တယောက်က ပြောပါတယ်။

စစ်ကောင်စီဟာ ဒေသခံတွေကို PDF တပ်ဖွဲ့ဝင်၊ PDF ထောက်ပံ့သူ၊ မမှန်သတင်းရေးသား ဖြန့်ဝေသူလို့ ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ အောက်တိုဘာ ၇ ရက်အထိ နိုင်ငံတဝန်း  ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂၅၈၆ ယောက်အနက် ၁၅၀၈ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up