close

ဂယ်ရီနဗီးလ်

close

April 3, 2023

အန်ဖီးလ်တွင် လီဗာပူးကို အနိုင်ရမှသာ အာဆင်နယ် ချန်ပီယံဖြစ်နိုင်ဟု နဗီးလ် သုံးသပ်

အန်ဖီးလ်ကွင်းမှာ အိမ်ရှင် လီဗာပူးအသင်းကို အနိုင်ယူနိုင်မှသာ အာဆင်နယ်အသင်း ချန်ပီယံဖြစ်နိုင်ကြောင်း ဂယ်ရီနဗီးလ်က ပြောပါတယ်။

စကိုင်းစပေါ့ရဲ့ သုံးသပ်ချက် အစီအစဉ်မှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံပြေးလမ်းကြောင်းနဲ့ ပတ်သက်ပြီး နဗီးလ်က သုံးသပ်ခဲ့တာပါ။

လီဗာပူးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ အာဆင်နယ်အသင်း အနိုင်ရမယ် ဆိုရင်တော့ ချန်ပီယံဖြစ်နိုင်ကြောင်း၊ လက်ရှိအခြေအနေအရတော့ နှစ်သင်းစလုံးမှာ အခွင့်အရေး ၅၀-၅၀ နဲ့ ဆတူရှိနေသေးကြောင်း နဗီးလ်က ပြောပါတယ်။

နဗီးလ်နဲ့အတူ သုံးသပ်တင်ဆက်ခဲ့တဲ့ ဂျေမီရက်ဒ်နက်ကတော့ အာဆင်နယ်အသင်းအနေနဲ့ လက်ကျန် အဝေးကွင်းပွဲစဉ်တွေက ချန်ပီယံပြေးလမ်းမှာ အဓိကအဆုံးအဖြတ် ဖြစ်လာနိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

အာဆင်နယ်ဟာ မန်စီးတီးကို တပွဲပိုနဲ့ ၈ မှတ်ဖြတ်ထားပေမဲ့ လက်ကျန်ပွဲစဉ် ၉ ပွဲမှာ လီဗာပူး၊ မန်စီးတီး၊ နယူးကာဆယ်အသင်းတို့နဲ့ အဝေးကွင်းပွဲစဉ်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

2 mins Ago

March 4, 2023

အာဆင်နယ်ချန်ပီယံဖြစ်ပါက အာဆင်နယ်ဂျာစီဝတ်ပြမည်ဟု ဂယ်ရီနဗီးလ် ကတိပေး

အခုနှစ်ပရီးမီးယားလိဂ် ဆုဖလားကို အာဆင်နယ်အသင်းက ရယူနိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် အာဆင်နယ်ဂျာစီကို ဝတ်ဆင်ပြမယ်လို့ ဂယ်ရီနဗီးလ်ကကတိပေးသွားပါတယ်။

မန်ယူနောက်ခံလူဟောင်း နဗီးလ်ဟာ အခုနှစ်ပရီးမီးယားလိဂ်ဆုဖလားကို မန်စီးတီးက အာဆင်နယ်ကို ကျော်ဖြတ်ပြီး ရယူနိုင်လိမ့်မယ်လို့ ခန့်မှန်းထားတာပါ။

အဲဒီလိုသုံးသပ်ချက်နဲ့ ပတ်သက်ပြီး အာဆင်နယ်သာ ချန်ပီယံဖြစ်ခဲ့ရင် နဗီးလ်အနေနဲ့ အီမရိတ်ကွင်းပေါ်မှ ကတုံးတုံးသင့်ပြီး လူမှုရေးလုပ်ငန်းတစ်ခု လုပ်ဆောင့်သင့်ကြောင်း တွစ်တာကနေ ရေးသားခဲ့ပါတယ်။

နဗီးလ်ဘက်ကတော့ အာဆင်နယ်သာ ချန်ပီယံဖြစ်ခဲ့ရင် ချန်ပီယံဆိုတဲ့စာသားပါ အာဆင်နယ်ဂျာစီကို ဝတ်ဆင်ပြမှာဖြစ်ကြောင်း၊ ချန်ပီယံ မဖြစ်ခဲ့ရင်တော့ တောင်းပန်စကား ဆိုရမှာဖြစ်ပြီး “ဆောရီး ဂယ်ရီ” လို့ပြောရမှာဖြစ်ကြောင်း ဂယ်ရီနဗီးလ်က ပြန်လည်တုံ့ပြန်ခဲ့တာပါ။

အာဆင်နယ်ဟာ လက်ကျန် ၁၃ ပွဲအလိုမှာ ဒုတိယနေရာက မန်စီးတီးကို ၅ မှတ်ဖြတ်ပြီး ဦဆောင်နေတာဖြစ်ပါတယ်။ 

1 month Ago
Up