အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းဟာ မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်ကိုခေါ်ယူဖို့အတွက် မေးမြန်းစုံစမ်းခဲ့တယ်လို့သိရပါတယ်။
ဂရင်းဝုဒ်ဟာ အတူနေချစ်သူ အမျိုးသမီးနဲ့ အမှုအခင်းဖြစ်ပွားခဲ့ ပြီးနောက် မန်ယူအသင်းက လူစာရင်းကနေ ထုတ်ပယ်ခဲ့သလို အမှုကနေပြန်လွတ်လာချိန်မှာလည်း မန်ယူအသင်းက အသုံးပြုခြင်းမရှိတော့ပါဘူး။
ဒီအခြေအနေကို အေစီမီလန်အသင်းက စုံစမ်းမေးမြန်းခဲ့ပြီး အဆင်ပြေမယ်ဆိုရင် ဂရင်းဝုဒ်ကို ခေါ်ယူသွားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
မန်ယူအသင်းဟာ ဂရင်းဝုဒ်ကို အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်လည်း ပိတ်ပင်ထားလို့ ဆက်ပြီးအသုံးပြုဖို့ မသေချာတော့ပါဘူး။
ဂရင်းဝုဒ်အနေနဲ့လည်း ဘောလုံးပြန်ကစားခွင့်အတွက် တခြားအသင်းကို ပြောင်းရွှေ့မယ်ဆိုရင် လက်ခံစဉ်းစားနိုင်တယ်လို့ သိရပါတယ်။
တူရကီကလပ်အသင်းတွေဟာ မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ ကြိုးပမ်း နေကြတယ်လို့ သိရပါတယ်။
တယ်လီဂရပ်ဖ်သတင်းမှာဖော်ပြချက်အရ ဂရင်းဝုဒ်ကိုခေါ်ယူဖို့ တူရကီ ကလပ်တွေက အမှန်တကယ် စိတ်ဝင်စားနေကြပေမယ့် လက်တွေ့ကျတဲ့ကမ်းလှမ်းချက်တောင် လုပ် ဆောင်ရခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
တူရကီလိဂ်ရဲ့ အပြောင်းအရွှေ့ဈေးကွက်ဟာ ဖေဖော်ဝါရီ ၁၈ ရက်က ပိတ်သိမ်းခဲ့ပြီဖြစ်ပေမယ့် လာမဲ့ မတ်လ ၅ ရက်အထိ သက်တမ်းတိုးပေးထားတာပါ။
တူရကီလိဂ်အပြင် အိုက်စလန်၊ နော်ဝေ၊ မော်ဒိုဗာ၊ ဘယ်လာရုစ်နဲ့ ဖာရိုးကျွန်းစုများနိုင်ငံတွေရဲ့ လိဂ် ပြိုင်ပွဲတွေဟာလည်း အပြောင်းအရွှေ့ဖွင့်လှစ်ထားဆဲဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ လိင်ပိုင်းဆိုင်ရာအမှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အမှုကနေ ပြန်လည်လွတ်မြောက်လာခဲ့လို့ ဘောလုံး ပြန်ကစားခွင့်ရှိနေပါပြီ။
ဒါပေမဲ့မိခင်ကလပ် မန်ယူဘက်ကတော့ စုံစမ်းစစ်ဆေးမှုတွေဆက်လုပ် ပြုလုပ်နေဆဲဖြစ်ပြီး အသင်းလူစာရင်းမှာ ထည့်သွင်းရွေးချယ်ဖို့ မရှိသေးကြောင်း ထုတ်ပြန်ထားပါတယ်။