မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်ကို အငှားခေါ်ယူရန် တူရကီကလပ်များ ကြိုးပမ်း

တူရကီကလပ်အသင်းတွေဟာ မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ ကြိုးပမ်း နေကြတယ်လို့ သိရပါတယ်။
တယ်လီဂရပ်ဖ်သတင်းမှာဖော်ပြချက်အရ ဂရင်းဝုဒ်ကိုခေါ်ယူဖို့ တူရကီ ကလပ်တွေက အမှန်တကယ် စိတ်ဝင်စားနေကြပေမယ့် လက်တွေ့ကျတဲ့ကမ်းလှမ်းချက်တောင် လုပ် ဆောင်ရခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
တူရကီလိဂ်ရဲ့ အပြောင်းအရွှေ့ဈေးကွက်ဟာ ဖေဖော်ဝါရီ ၁၈ ရက်က ပိတ်သိမ်းခဲ့ပြီဖြစ်ပေမယ့် လာမဲ့ မတ်လ ၅ ရက်အထိ သက်တမ်းတိုးပေးထားတာပါ။
တူရကီလိဂ်အပြင် အိုက်စလန်၊ နော်ဝေ၊ မော်ဒိုဗာ၊ ဘယ်လာရုစ်နဲ့ ဖာရိုးကျွန်းစုများနိုင်ငံတွေရဲ့ လိဂ် ပြိုင်ပွဲတွေဟာလည်း အပြောင်းအရွှေ့ဖွင့်လှစ်ထားဆဲဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ လိင်ပိုင်းဆိုင်ရာအမှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အမှုကနေ ပြန်လည်လွတ်မြောက်လာခဲ့လို့ ဘောလုံး ပြန်ကစားခွင့်ရှိနေပါပြီ။
ဒါပေမဲ့မိခင်ကလပ် မန်ယူဘက်ကတော့ စုံစမ်းစစ်ဆေးမှုတွေဆက်လုပ် ပြုလုပ်နေဆဲဖြစ်ပြီး အသင်းလူစာရင်းမှာ ထည့်သွင်းရွေးချယ်ဖို့ မရှိသေးကြောင်း ထုတ်ပြန်ထားပါတယ်။