close

ဂါဇာကမ်းမြောင်

close

January 2, 2022

ဂါဇာကမ်းမြောင်ဒေသက ဟာမက်ပစ်မှတ်များကို လက်တုံ့ပြန်ပစ်ခတ်ခဲ့ဟု အစ္စရေးပြော

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသထဲက ဟာမက်ပစ်မှတ်တွေကို ဇန်နဝါရီ ၂ ရက်က လက်တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ 

ဇန်နဝါရီ ၁ ရက်က တယ်အာဗက် ကမ်းလွန်ဒေသမှာ ပါလက်စတိုင်းဘက်က ပစ်လွှတ်လိုက်တဲ့ ရော့ကတ်ဒုံးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကို လက်တုံ့ပြန်တိုက်ခိုက်လိုက်တာလို့ ဆိုပါတယ်။

စနေနေ့က ပစ်ခတ်မှုနဲ့ပတ်သက်လို့တော့ ဂါဇာမှာ အခြေစိုက်တဲ့ ဘယ်စစ်သွေးကြွအဖွဲ့မှ သူတို့ လက်ချက်လို့ ဝန်ခံထားတာ မရှိသလို၊ ပါလက်စတိုင်း ကမ်းမြောင်ဒေသကို လွှမ်းမိုးတဲ့ ဟာမက် အဖွဲ့ကလည်း ဘာမှတ်ချက်မှ မပေးပါဘူး။

တနင်္ဂနွေနေ့မနက်ပိုင်းမှာ အစ္စရေးဘက်က တန်ပြန်ပစ်ခတ်လိုက်တာကြောင့် ထိခိုက်သေဆုံးသူ မရှိဘူးလို့ ရဲအဖွဲ့က ပြောပါတယ်။ 

အစ္စရေး စစ်တပ်ဘက်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ စခန်းတွေကို တိုက်ခိုက်လိုက်တာလို့ ပြောပါတယ်။ 

ဟာမက် ရေဒီယိုကတော့ သူတို့အဖွဲ့ရဲ့ လုံခြုံရေးစခန်းတွေနဲ့ သင်တန်းတွေ တိုက်ခိုက်ခံလိုက်ရတယ်လို့ ကြေညာပြီး ထိခိုက်သေဆုံးတဲ့ သတင်းတွေကတော့ ထွက်ပေါ်မလာသေးပါဘူး။

ဟာမက်အဖွဲ့ဟာ ပင်လယ်ဘက်ကို ရော့ကတ်ဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်လေ့ရှိပြီး အစ္စရေးဘက်ကို ကျရောက်တာက စမ်းသပ်မှုမှာ တစုံတရာ မှားယွင်းသွားတာကြောင့် ဖြစ်နိုင်တယ်လို့ ဟာမက်အဖွဲ့နဲ့ နီးစပ်တဲ့ Paltimes သတင်းဌာနက ဆိုပါတယ်။ 

အစ္စရေး-ဂါဇာ စစ်မြေပြင်မှာ မေလက ပါလက်စ္စတိုင်း ၂၅၃ ယောက် သေဆုံးခဲ့ရတဲ့ ၁၁ ရက်ကြာ စစ်ပွဲပြီးကတည်းက သေနတ်သံတွေ တိတ်ဆိတ်နေခဲ့တာပါ။ မေလက တိုက်ပွဲမှာ ပါလက်စတိုင်းဘက်က ရော့ကတ်ဒုံးကျည်တွေကြောင့် အစ္စရေးဘက်မှာလည်း လူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။

12 hours Ago

December 30, 2020

ဂါဇာကမ်းမြောင်တွင်  ပါလက်စတိုင်းက စစ်ရေးလေ့ကျင့်

ဂါဇာကမ်းမြောင်ဒေသမှာ  ဒီဇင်ဘာ ၂၉ ရက်က  လက်နက်ကိုင်ပါလက်စတိုင်းအဖွဲ့တွေ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။  ဒီလုပ်ရပ်ကို ပါလက်စတိုင်းတွေက ပူးတွဲစစ်ရေးလေ့ကျင့်မှုလို့ ခေါ်ဆိုပြီး  အစ္စရေးတို့ ကတော့ ဒါကို အီရန်ရဲ့ ကြိုးကိုင်မှုနဲ့ အင်အားပြတာဖြစ်တယ်လို့ ဆိုပါတယ်။  ဂါဇာဒေသကို ဟားမတ်စ်အဖွဲ့က အုပ်ချုပ်ပြီး အစ္စလာမ်မစ်ဂျီဟက်အဖွဲ့အပါအဝင် တခြား စစ်သွေးကြွ အဖွဲ့တွေရဲ့ ကွန်းခိုရာလည်း ဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုအတွင်း ဒုံးကျည် ၈ စင်းပစ်လွှတ်ခဲ့တယ်လို့ အစ္စလာမ်မစ်ဂျီဟက်အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။  ဒီစစ်ရေးလေ့ကျင့်မှုဟာ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အစ္စရေးနဲ့ ထိပ်တိုက်တွေ့မှုအတွက် အသင့်ဖြစ်နေအောင် ကုန်းနဲ့ ကမ်းတက် ပူးတွဲလေ့ကျင့်မှုတွေ ပါဝင်တယ်လို့ ရိုက်တာက ရေးပါတယ်။ 
1 year Ago
Up