close

ဂျပန်နိုင်ငံ

close

May 7, 2023

နွေဦးရုပ်ရှင်ပွဲတော် ဂျပန်နိုင်ငံ မြို့ကြီးများတွင် ပြသ

နွေဦးရုပ်ရှင်ပွဲတော်ကို ဂျပန်နိုင်ငံ တိုကျိုအပါအဝင် မြို့ကြီးမှာစတင်ပြစနေပြီး မေ ၆ ရက်က တိုကျိုမြို့ အီခဲဘူခုရိုပွဲမှာ အမျိုးညီညွတ်ရေးအစိုးရဂျပန်ကိုယ်စားလှယ် ဦးစောဘလှသိန်းတက်ရောက်ခဲ့ပြီး ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ နဲ့ မြန်မာ့နွေဦးတော်လှန်ရေး အားပေးထောက်ခံနေတဲ့ ဂျပန်လူမျိုးတွေ တက်ရောက်အားပေးခဲ့ကြပါတယ်။

မေ ၆ ရက်နေ့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ အပြင် နဂိုယာ၊ ဂွန်းမားမြို့ကြီးတို့မှာ ပြသခဲ့ပြီး မေ ၇ ရက်နေ့ ဒီနေ့လည်း ယိုကိုဟာမား၊ အိုခိနားဝါးမြို့ကြီးတိုမှာ ပြသခဲ့ပါတယ်။

ပြန်တမ်း၊ ဖိုးမောင်ပြန်လာပြီ၊ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်၊ ရှိခဲ့သည်၊ မြို့ပြပြောက်ကျား၊ အမတနှင်းဆီ၊ ဆုလာဘ် စတဲ့ တော်လှန်ရေးရုပ်ရှင် ၇ ကား ပါဝင်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်က လွတ်မြောက်အောင် မြန်မာနွေဦးတော်လှန်ရေးမှာ အသက်တွေ ဘဝတွေ စတေးပြီး စွန့်လွှတ်ကြိုးစားနေသူတွေကို တဖက်တလမ်းက အထောက်အကူပြုချင်လို့ အခုလိုစီစဉ်ဆောင်ရွက်ရတာလို့ ဂျပန်နွေဦးရုပ်ရှင်ပွဲတော်ဦးဆောင်သူတဦးဖြစ်တဲ့ မစတယ်လာ က ပြောပါတယ်။

ဒါ့အပြင် ရုပ်ရှင်တခုချင်းစီအတွက် ရင်ထိုးတွေရောင်းတာ၊ ရန်ပုံငွေရရှိရေးအတွက် အမှတ်တရပစ္စည်းတွေနဲ့ အစားအသောက် ရောင်းချတာတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ 

မေ ၁၃၊ ၁၄ ရက် တွေမှာလည်း အိုဆာကာ၊ ကျိုတို၊ ကိုဘေးမြို့တို့မှာ ဆက်လက်ပြသသွားမယ်လို့ မစတယ်လာက ဒီဗွီဘီကို ပြောပါတယ်။

နွေဦးရုပ်ရှင်ပွဲတော်ပြသစဉ် လာရောက်ကြည့်ရှုသူတွေနဲ့ ရုပ်ရှင်စီစဉ်သူတွေ၊ ပါဝင်သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေက ZOOM နဲ့ မေးမြန်းပြောဆိုကြတာကိုလည်း ပြုလုပ်ခဲ့ကြပြီး ရုပ်ရှင်ထဲ သရုပ်ဆောင်သူတချို့ အပြင် တကယ်တိုက်ပွဲမှာ ကျဆုံးတာသိရပြီး လာရောက်ကြည့်ရှုသူတွေက နွေဦးတော်လှန်ရေးအတွက် ပိုမိုထောက်ပံ့နိုင်အောင်ကြိုးစားကြမယ်လို့ ပြောကြပါတယ်။

ခုလို နိုင်ငံတကာမှာ နွေဦးရုပ်ရှင်ပွဲတော်တွေ ကျင်းပကြတာဟာ သူတို့အတွက် အများကြီး အထောက်အကူပြု ခွန်အားတွေရရှိတယ်လို့လည်း နွေဦးတော်လှန်ရေးရုပ်ရှင်တွေ စီစဉ်သူတဦးဖြစ်တဲ့ ကိုပဒေသာက ဂျပန်က ရုပ်ရှင်ကြည့်သူတွေကို ZOOM ကနေ ကျေးဇူးစကားဆိုခဲ့ပါတယ်။

ဇော်ဇော်လှိုင်

9 hours Ago

April 18, 2023

G7 နိုင်ငံခြားရေးဝန်ကြီးများ ဂျပန်နိုင်ငံတွင် တွေ့ဆုံဆွေးနွေး

ဂျပန်နိုင်ငံ ခရုအိဇာဝါမြို့မှာ ကမ္ဘာ့စက်မှုအင်အားကြီး ၇ နိုင်ငံအဖွဲ့ (G7) က နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံကြပြီး ယူကရိန်းစစ်ပွဲ၊ တရုတ်နဲ့ ထိုင်ဝမ်တို့နဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေ အပါအဝင် အရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြဖို့ ရှိနေပါတယ်။

လာမယ့်လမှာ ဟီရိုရှီးမားမြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် G7 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမတိုင်မီ ကျင်းပတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တရုတ်နိုင်ငံအရေးက ရှေ့တန်းကနေပါမယ်လို့ မျှော်လင့်ကြောင့် ဂျပန်ဝန်ကြီးချုပ် ဖူမိယိုကီရှီဒါက ပြောပါတယ်။

G7 အဖွဲ့ရဲ့ တခုတည်းသော အာရှအဖွဲ့ဝင်နိုင်ငံအနေနဲ့ ဂျပန်နိုင်ငံဟာ ဒေသတွင်း အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားလာမှုအပေါ် စိုးရိမ်ပူပန်စိတ်တွေ တိုးမြင့်လာပြီး ထိုင်ဝမ်အပေါ် စစ်ရေးအရ အရေးယူနိုင်ခြေအပေါ် အထူးအာရုံစိုက်နေခဲ့ပါတယ်။

G7 နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဧပြီ ၁၇ ရက်က အလုပ်သဘော နေ့လယ်စာစားပွဲအပြီး အိမ်ပြင်ထွက်ရင်း မိသားစုဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

3 weeks Ago
Up