close

ဂျပန်ဝန်ကြီးချုပ်

close

May 7, 2023

ဂျပန်ဝန်ကြီးချုပ်နှင့် တောင်ကိုရီးယားသမ္မတတို့ တွေ့ဆုံ

ဂျပန်ဝန်ကြီချုပ် ဖူမီယို ကီရှီဒါ က တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ခ်ယိုလ် နဲ့ တွေ့ဆုံဖို့အတွက် မေ ၇ ရက်မှာ ဆိုးလ်မြို့ကို ရောက်ရှိလာပါတယ်။ 

မြောက်ကိုးရီးယားနိုင်ငံရဲ့ နျူးကလီးယား ခြိမ်းခြောက်မှုနဲ့အတူ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု မြင့်တက်လာတာကြောင့် နှစ်နိုင်ငံ ခေါင်းဆောင်တွေက ဆက်ဆံရေး ပိုမိုခိုင်မာလာအောင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ 

ကီရှီဒါရဲ့ ဒီခရီးစဉ်ဟာ ၁၂နှစ်တာကာလအတွင်း ဂျပန်ခေါင်းဆောင်တဦးအနေနဲ့ ဆိုးလ်မြို့ကို ပထမဆုံး လာရောက်မှုဖြစ်ပြီး ပြီးခဲ့တဲ့မတ်လမှာ ယွန်ကလည်း တိုကျိုမြို့ကို သွားရောက် ခဲ့ပါတယ်။ 

ဂျပန်နဲ့တောင်ကိုရီးယားအကြား နှစ်နိုင်ငံဆက်ဆံရေး   အပေါ် နှစ်ပေါင်းများစွာကြာ လွှမ်းမိုးခဲ့တဲ့ သမိုင်းဆိုင်ရာ အငြင်းပွားမှုစာမျက်နာကို သင်ပုန်းချေနိုင်ဖို့အတွက် နည်းလမ်းရှာဖွေနေကြတာ ဖြစ်သလို ဒီနှစ်နိုင်ငံစလုံးရဲ့ ပြည်သူလူထုကြားမှာလည်း သံသယတွေ ရှိနေပါသေးတယ်။

တောင်ကိုရီးယားသမ္မတ ယွန် ကတော့ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်အောင် အားထုတ်ရာ မှာ ပြန်ရတာထက် ပိုပေးနေရတယ်ဆိုပြီး နိုင်ငံတွင်းဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

၁၉၁၀ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ဂျပန်နိုင်ငံရဲ့ ကိုလိုနီစနစ်အရ အုပ်ချုပ်မှုအတွင်း စစ်ပွဲကာလမှာ အတင်းအဓမ္မ စေခိုင်းခံခဲ့ရ သူတွေကို လျော်ကြေးပေးဖို့ ဂျပန်ကုမ္ပဏီတွေအစား တောင်ကိုရီးယားကုမ္ပဏီတွေက တာဝန်ယူရမယ်ဆိုပြီး ယွန် က အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် ကီရှီဒါ အနေနဲ့ နိုင်ငံရေးအရ ပံ့ပိုးမှုလိုမျိုး တစုံတစ်ရာ ပြန်ပေးဖို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက မျှော်လင့်ထားပါတယ်။ 

လေ့လာသူအချို့ကတော့ ဂျပန်နိုင်ငံအနေနဲ့  သမိုင်းဆိုင်ရာ အမှားတွေအတွက် နောက်ထပ် တရားဝင်တောင်းပန်မှု ပြုလုပ်လိမ့်မယ်လို့ ထင်ကြေးပေးကြပါတယ်။ 

တောင်ကိုရီးယားသမ္မတ ယွန်ကိုယ်တိုင်က ဒီလိုတောင်းပန်မှုမျိုး မလိုအပ်ဘူးလို့ ယုံကြည် ကြောင်း အရိပ်အမြွက် ပြသခဲ့ပါတယ်။

3 hours Ago

April 16, 2023

မဲဆွယ်ပွဲတွင် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် တောင်းပန်

ဂျပန်ဝန်ကြီးချုပ် ဖူမိယိုကီရှီဒါဟာ ဧပြီ ၁၅ ရက်က ဂျပန်နိုင်ငံ အနောက်ပိုင်း မဲဆွယ်ပွဲမှာ မိန့်ခွန်းပြောနေတုန်း ပေါက်ကွဲမှုတခုဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဂျပန်ပြည်သူလူထုကို တောင်းပန်လိုက်ပါတယ်။

"ပြည်သူတွေ စိတ်ပူပြီး ဒုက္ခရောက်စေခဲ့တဲ့အတွက် ကျတော်တောင်းပန်ချင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ ရွေးကောက်ပွဲတစ်ခုရဲ့ အလယ်မှာ ကျနော်တို့ ရှိနေပါပြီ။"လို့ ကီရှီဒါက ပြောပါတယ်

မနေ့က ဂျပန်ဝန်ကြီးချုပ် မဲဆွယ်မိန့်ခွန်းပြောနေတုန်း သံသယရှိသူ တစ်ဦးက မီးခိုးဗုံးလို့ ယူဆရတဲ့ အရာကို ပစ်ချပြီးတဲ့နောက် ပေါက်ကွဲမှုမဖြစ်ခင် လုံခြုံရေးအရာရှိတဦးက ကာကွယ်ပေးလိုက်တာကြောင့် ထိခိုက်မှုတစုံတရာမရှိဘဲ စီစဉ်ထားတဲ့ ရွေကောက်ပွဲ မဲဆွယ်မိန့်ခွန်းတွေ လိုက်လံပြောကြားခဲ့ပါတယ်။

ခါဝါနိရှီမြို့က အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တဲ့ ယူဂျီခိမူရာဟာ ဂျပန်ဝန်ကြီးချုပ် မိန့်ခွန်းမစမီ လက်လုပ်ဗုံးလို့ ယူဆရတဲ့ ပိုက်လုံးသဏ္ဌာန်ကို ပစ်ပေါက်ခဲ့တာဖြစ်ပြီး အနီးနားရှိ ရဲအရာရှိတွေရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

အဆိုပါ အမျိုးသားကို  အတင်းအဓမ္မ နှောင့်ယှက်မှုနဲ့ စွဲချက်တင် ထားတယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြခဲ့ပြီး သူကတော့ ရှေ့နေတွေ ရောက်လာတဲ့အထိ စကားပြောဖို့ ငြင်းဆိုခဲ့တယ်လို့ ကျိုဒို သတင်းမှာ ရေးပါတယ်။

မိန့်ခွန်းပြောတဲ့နေရာမှာ ကျယ်လောင်တဲ့ ပေါက်ကွဲမှု ဖြစ်ရတဲ့ အသေးစိတ် အချက်အလက်တွေကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ဝန်ကြီးချုပ်က  မဲဆွယ်မိန့်ခွန်းတွေ ပြန်စပြောချိန်မှာ ထည့်ပြောခဲ့ပါတယ်။

အခုဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ဇူလိုင်လက ပါလီမန်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေချိန် ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ခေတ်သစ်ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လက်လုပ်သေနတ်နဲ့ ပစ်သတ်ခံရပြီး ကွယ်လွန်သွားခဲ့တဲ့ဖြစ်ရပ်ကို ပြန်သတိရ လောက်အောင် ဆင်တူခဲ့ပါတယ်။

3 weeks Ago
Up