ဗြိတိန်နိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ဒေါမနစ် ရပ်ဘ်ဟာ လုပ်ဖော်ကိုင်ဖက်တွေပေါ် နိုင်ထက်စီးနင်းပြု လုပ်တယ်ဆိုတဲ့ တိုင်ကြားချက်တွေအရ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အပြီး ဧပြီ ၂၁ ရက်မှာ အစိုးရအဖွဲ့ကနေ နုတ်ထွက်သွားပါတယ်။
ဒါဟာ ဝန်ကြီးချုပ် ရီရှီဆူနက်ခ်ရဲ့ ထိပ်တန်းဝန်ကြီးတွေထဲက တဦးကို ရာထူးကနေ နုတ်ထွက် စေခဲ့တဲ့ သိက္ခာကျဖွယ်ရာ နောက်ဆုံးဖြစ်ရပ်တခုပါ။
လွန်ခဲ့တဲ့ ၆ လ တာအတွင်း ပုဂ္ဂိုလ်ရေးကိစ္စတွေကြောင့် အကြီးတန်းဝန်ကြီးအဆင့် ၃ ဦးမြောက် နုတ်ထွက်မှုဖြစ်သလို ကွန်ဆာဗေးတစ်ပါတီရဲ့အခြေအနေ ပြန်လည်ဦးမော့လာအောင် ဝန်ကြီးချုပ် အနေနဲ့ ကြိုးပမ်းရာမှာလည်း ဒီဖြစ်ရပ်က ထိခိုက်စေနိုင်ပါတယ်။
မှန်ကန်ဖြောင့်မတ်တဲ့ အစိုးရတစ်ရပ်ဖြစ်လာရမယ်လို့ ကတိပေးကာ ပြီးခဲ့တဲ့ အောက်တိုဘာ က ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ ဆူနက်ခ်အတွက်လည်း အရှက်ရစရာ ဖြစ်ရပ်တခုပါ။
အစိုးရဌာန ၃ ခုမှာ နိုင်ထက်စီးနင်းပြုတယ်ဆိုတဲ့ တိုင်ကြားစာတွေနဲ့ ပက်သက်ပြီး ရပ်ဘ်ရဲ့ အပြုအမူအတွက် လပေါင်းများစွာကြာ စုံစမ်းစစ်ဆေးမှုအတွင်း အစိုးရတာဝန်ရှိသူ အများအပြား က သက်သေထွက်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလမှာ စုံစမ်းစစ်ဆေးမှုခံယူဖို့ တောင်းဆိုခဲ့တဲ့ ရပ်ဘ် က ရလဒ် ထွက် ပေါ်လာတဲ့ အခါ ဒါကိုလက်ခံဖို့ တာဝန်ရှိတယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း သူရဲ့ လုပ်ရပ်အပေါ်မှာတော့ ခိုင်မာ စွာ ခုခံပြောဆိုခဲ့ပါတယ်။
"ကောင်းမွန်တဲ့အစိုးရရဲ့ စီမံခန့်ခွဲမှုအပေါ်မှာ အန္တရာယ်ရှိတဲ့ စံသတ်မှတ်မှုဖြစ်တယ်" လို့ ရပ်ဘ် က မှတ်ချက်ပေးခဲ့ပြီး သူရဲ့ အနိုင်ကျင့်မှုလုပ်ရပ်ကိုလည်း သေးသိမ်အောင် ပြောဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ်ကို ရည်ညွှန်းတဲ့ ရပ်ဘ် ရဲ့ နုတ်ထွက်စာထဲမှာ "ဗြိတိန်ပြည်သူတွေ အပါအဝင် အစိုးရ ကိုယ်စား အပြောင်းအလဲ ဖော်ဆောင်ပေးနေသူတွေအပေါ် ဒီသက်ရောက်မှုက ကြီးမား လိမ့်မယ်" ဆိုပြီး ဖော်ပြထားပါတယ်။
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ရီရှီဆူနက်ခ် က သူရဲ့ အစိုးရအဖွဲ့ဝင်ဖြစ်တဲ့ လက်ထောက်ဝန်ကြီးချုပ် ဒေါမနစ် ရပ်ဘ် ရဲ့ နုတ်ထွက်စာကို "အလွန်ဝမ်းနည်းစွာ" နဲ့ လက်ခံလိုက်ပြီဖြစ်ကြောင်း ဧပြီလ ၂၁ ရက်မှာ ပြောကြားပါတယ်။
ဒီတစ်ရက်တည်းမှာပဲ ဗြိတိန်အစိုးရက ဆူနက်ခ်ရဲ့ အစိုးရရုံးဝန်ကြီးအဖြစ် လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ အိုလီဗာ ဒေါင်ဒန် (Oliver Dowden)ကို လက်ထောက်ဝန်ကြီးချုပ်နေရာမှာ ခန့်အပ်လိုက် ပါတယ်။
အရင်တုန်းက ဒေါင်ဒန် ဟာ ဆူနက်ခ် ရဲ့ ကွန်ဆာဗေးတစ်ပါတီမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သလို ပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၂ ကြိမ်ရှုံးနိမ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ဇွန်လမှာ ဥက္ကဋ္ဌနေရာကနေ နုတ်ထွက်ခဲ့ပါတယ်။
ရှေ့နေဖြစ်သူ အဒမ် ထောလီ ရဲ့ အမှီအခိုကင်းတဲ့ အစီရင်ခံစာထဲမှာ လက်ထောက် ဝန်ကြီးချုပ်ဟောင်း ရပ်ဘ် ဟာ နိုင်ငံခြားရေးရုံးမှာရှိစဉ်က "ခြိမ်းခြောက်မှု" နဲ့ "ဆက်တိုက်ရန်လိုမှု" ပုံစံ အတိုင်း ပြုမူခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။
လက်ထောက်ဝန်ကြီးချုပ်ဟောင်း ရပ်ဘ် ဟာ တရားဝင် အာဏာမရှိပေမယ့်လည်း ဝန်ကြီးချုပ်က တာဝန်ယူထမ်းဆောင်နိုင်ခြင်း မရှိတဲ့အခါ ဒါမှမဟုတ် ပါလီမန်နဲ့ ဝေးကွာနေတဲ့ အခြေအနေမျိုးတွေမှာ အစားထိုးတာဝန်ရသူ ဖြစ်ပါတယ်။
ရပ်ဘ်ဟာ ဆူနက်ခ် ရဲ့ နီးကပ်တဲ့ နိုင်ငံရေး မဟာမိတ်တစ်ဦးဖြစ်တဲ့အပြင် ပြီးခဲ့တဲ့နွေရာသီက ဆူနက်ခ် ဝန်ကြီးချုပ်ဖြစ်လာရေးအတွက် မဲဆွယ်စည်းရုံးရေး ကမ်ပိန်းတွေမှာလည်း အကူအညီ ပေးခဲ့သူ ဖြစ်ပါတယ်။
တကယ်လို့ ထိုင်ဝမ်ဟာ ကျူးကျော် သိမ်းပိုက်ခံရရင် ထိုင်ဝမ်ကို ကာကွယ်ပေးဖို့ အမေရိကန်နဲ့ ဂျပန်အစိုးရတို့ ပူးပေါင်းဖို့ လိုမယ်လို့မှတ်ချက်ပေးခဲ့တဲ့အပေါ် ဂျပန် ဒုဝန်ကြီးချုပ် တာရိုအာဆိုဟာ တရုတ်-ဂျပန် ဆက်ဆံရေးရဲ့ နိုင်ငံရေးအုတ်မြစ်ကို အန္တရာယ်ပြုခဲ့တာဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်မှာ တုံ့ပြန်ပြောလိုက်ပါတယ်။
ဂျပန်ဒုဝန်ကြီးချုပ်ရဲ့ မှတ်ချက်ကို ကျိုဒိုသတင်းဌာနက ဇူလိုင် ၅ ရက်က ထုတ်လွှင့်ခဲ့တာ ကြောင့် ထိုင်ဝမ်ကို သူ့ပိုင်နက်လို့ မှတ်ယူထားတဲ့ တရုတ်အစိုးရက ဒေါသထွက်ခဲ့ပါတယ်။
ရေလက်ကြားဖြတ်ကျော် ကိစ္စရပ်တွေအပေါ် ဂျပန်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး အင်္ဂါနေ့က သတင်းစာ ရှင်းလင်းပွဲမှာ အမေးခံရချိန်မှာ ဂျပန် ဒုဝန်ကြီးချုပ်က ထိုင်ဝမ်အရေးကို ဆွေးနွေး ညှိုနှိုင်း အဖြေရှာသင့်တယ်လို့ ပြောခဲ့ပါတယ်။
“ဒီလိုမှတ်ချက်မျိုးဟာ အလွန်အမင်း ဆုံးဖြတ်ချက်မှားစေ နိုင်တယ်.၊ တရုတ်အစိုးရဟာ အသည်းအသန်ကို မကျေမနပ် ဖြစ်ရတယ်၊ လုံးဝ ဆန့်ကျင်တယ်”လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက မနေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်နဲ့ ပြည်မကြီး ပြန်လည် ပေါင်းစည်းရေးအတွက် စစ်အင်အား မသုံးဖူး သေးပေမဲ့ လတ်တလော တရုတ်နဲ့ ထိုင်ဝမ်တို့က ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေး လေ့ကျင့်နေတာတွေကြောင့် တင်းမာမှုတိုးလာခဲ့ပါတယ်၊