close

ဂျပန်ဒုဝန်ကြီးချုပ်၏ ထိုင်ဝမ်အရေးမှတ်ချက်အပေါ် တရုတ်ဒေါသထွက်

တကယ်လို့ ထိုင်ဝမ်ဟာ ကျူးကျော် သိမ်းပိုက်ခံရရင် ထိုင်ဝမ်ကို ကာကွယ်ပေးဖို့ အမေရိကန်နဲ့ ဂျပန်အစိုးရတို့ ပူးပေါင်းဖို့ လိုမယ်လို့မှတ်ချက်ပေးခဲ့တဲ့အပေါ်  ဂျပန် ဒုဝန်ကြီးချုပ် တာရိုအာဆိုဟာ တရုတ်-ဂျပန် ဆက်ဆံရေးရဲ့ နိုင်ငံရေးအုတ်မြစ်ကို အန္တရာယ်ပြုခဲ့တာဖြစ်တယ်လို့  တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်မှာ တုံ့ပြန်ပြောလိုက်ပါတယ်။

ဂျပန်ဒုဝန်ကြီးချုပ်ရဲ့ မှတ်ချက်ကို ကျိုဒိုသတင်းဌာနက ဇူလိုင် ၅ ရက်က ထုတ်လွှင့်ခဲ့တာ ကြောင့် ထိုင်ဝမ်ကို သူ့ပိုင်နက်လို့ မှတ်ယူထားတဲ့ တရုတ်အစိုးရက ဒေါသထွက်ခဲ့ပါတယ်။

ရေလက်ကြားဖြတ်ကျော် ကိစ္စရပ်တွေအပေါ် ဂျပန်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး အင်္ဂါနေ့က သတင်းစာ ရှင်းလင်းပွဲမှာ အမေးခံရချိန်မှာ ဂျပန် ဒုဝန်ကြီးချုပ်က ထိုင်ဝမ်အရေးကို ဆွေးနွေး ညှိုနှိုင်း အဖြေရှာသင့်တယ်လို့ ပြောခဲ့ပါတယ်။

“ဒီလိုမှတ်ချက်မျိုးဟာ အလွန်အမင်း ဆုံးဖြတ်ချက်မှားစေ နိုင်တယ်.၊ တရုတ်အစိုးရဟာ အသည်းအသန်ကို မကျေမနပ် ဖြစ်ရတယ်၊ လုံးဝ ဆန့်ကျင်တယ်”လို့  တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက မနေ့က  ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်နဲ့ ပြည်မကြီး ပြန်လည် ပေါင်းစည်းရေးအတွက် စစ်အင်အား မသုံးဖူး သေးပေမဲ့ လတ်တလော တရုတ်နဲ့ ထိုင်ဝမ်တို့က ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေး လေ့ကျင့်နေတာတွေကြောင့် တင်းမာမှုတိုးလာခဲ့ပါတယ်၊

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up