close

ဂျာဗားကျွန်း

close

March 10, 2022

အင်ဒိုနီးရှား ဂျာဗားကျွန်းတွင် မီးတောင်ပေါက်ကွဲ၊ ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်း

အင်ဒိုနီးရှားနိုင်ငံက ဂျာဗားကျွန်း၊ ယိုဂီယာကာတာမြို့နားက မေရာပီမီးတောင် ညလုံးပေါက် ပေါက်ကွဲခဲ့လို့ ချော်ရည်ပူတွေနဲ့ ပြာတွေ တောင်စောင်းတလျှောက် စီးဆင်းလာတဲ့အတွက် ဒေသခံ အယောက် ၂၅၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရတယ်လို့ ကပ်ဘေး လျော့ပါးသက်သာရေး အေဂျင်စီ (BNPB) က မတ်လ ၁၀ ရက်မှာ ပြောပါတယ်။

မေရာပီမီးတောင်ဟာ ပြာတွေနဲ့ ချော်ရည်ချော်ခဲတွေကို ပူလောင်တဲ့ တိမ်တွေအဖြစ် မှုတ်ထုတ်ခဲ့သလို ချော်ရည်တွေဟာလည်း မတ်လ ၁၀ ရက် သန်းခေါင်နားနီးချိန်ကနေ မနက် ၂ နာရီထိ တောင်စောင်းတလျှောက် ၃ မိုင်ကျော် စီးလာခဲ့တယ်လို့ အင်ဒိုနီးရှား ဘူမိဗေဒဌာနက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။

နောက်ထပ် ချော်ရည်တွေ စီးဆင်းနိုင်သလို ပြာတိမ်တွေလည်း ဖြစ်ထွန်းမယ့်အန္တရာယ် ရှိတယ်လို့ BNPB က ပြောပါတယ်။ မီးတောင်နဲ့ ၇ မိုင်ပတ်လည်အကွာမှာ နေကြတဲ့လူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့လည်း သတိပေးထားပါတယ်။

ပစိဖိတ်မီးကွင်းကြီးလို့ ခေါ်တဲ့ ကျောက်လွှာပြတ်ရွေ့ကြီးတွေပေါ်မှာ တည်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်တွေနဲ့ ငလျင်တွေ တခြားနိုင်ငံတွေထက် ပိုများပါတယ်။

မေရာပီမီးတောင်ဟာ ၂၀၁၀ ခုနှစ်က အကြမ်းပတမ်း ပေါက်ကွဲခဲ့လို့ လူအယောက် ၃၅၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။

14 mins Ago

December 20, 2021

ဂျာဗားကျွန်းပေါ်ရှိ ဆေမေရူမီးတောင် ပေါက်ကွဲ

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်က ဆေမေရူမီးတောင် ဒီဇင်ဘာ ၁၉ ရက် အစောပိုင်းမှာ ပေါက်ကွဲခဲ့လို့ ပြာမှုန်တွေ လေထုထဲ ၂ ကီလိုမီတာ အမြင့်ထိ ထိုးတက်ခဲ့ပြီး လူတွေ မီးတောင် အဝန်းအဝိုင်းကနေ အဝေးမှာနေကြဖို့ အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။

ဂျာဗားကျွန်းရဲ့ အမြင့်ဆုံးမီးတောင်ဟာ ဒီလအစောပိုင်းမှာလည်း ပေါက်ကွဲခဲ့ဖူးပြီး ပြာတိမ်တွေ မှုတ်ထုတ်ခဲ့တာပါ။

စီးဆင်းလာတဲ့ ချော်ရည်စီးကြောင်းတွေကြောင့် လူ ၄၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး လူအတော်များများ ပျောက်ဆုံးခဲ့ပြီး ထောင်ချီတဲ့လူတွေ အိုးအိမ် စွန့်ခွာခဲ့ရပါတယ်။ 

ဒီဇင်ဘာ ၁၉ ရက်နေ့မှာတော့ မီးတောင်က အဖြူရောင်နဲ့ မီးခိုးရောင် ပြာမှုန်တွေကို မှုတ်ထုတ်ခဲ့တယ်လို့ အင်ဒိုနီးရှား မီးတောင်နဲ့ ဘူမိအန္တရာယ် လျော့ပါးရေးဌာနက ပြောပါတယ်။

ချော်ရည်စီးကြောင်းတွေရဲ့ ဘေးအန္တရာယ်ကြောင့် မြစ်ဘေးကနေ ပေ ၁၅၀၀ အတွင်း ဘယ်လိုလှုပ်ရှားမှုမှ မလုပ်ကြဖို့ အေဂျင်စီက ဒေသခံတွေကို သတိပေးထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်လုံးရေ ၁၄၂ လုံးရှိပြီး မီးတောင်တွေနဲ့ ၆ မိုင်ပတ်လည်မှာ နေထိုင်သူ လူဦးရေ ၈ ဒသမ ၆ သန်းရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

3 months Ago
Up