close

ဂျာမနီနိုင်ငံ

close

January 25, 2023

မြန်မာစစ်တပ်ကို ဂျာမနီနိုင်ငံရှိ နိုင်ငံတကာတရားရုံးတွင် တရားစွဲ

တိုင်းရင်းသားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို မြန်မာနိုင်ငံသား ၁၆ ဦးနဲ့  လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ Fortify Rights အဖွဲ့တို့စုပေါင်းပြီး ဂျာမနီနိုင်ငံရှိ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုထားတယ်လို့ ဇန်နဝါရီ ၂၄ ရက်မှာ ကြေညာပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလူမျိုးတွေအပေါ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပါအဝင် ၂၀၁၇ ခုနှစ်က မွတ်စလင်တွေအပေါ် ကျူးလွန်ခဲ့ကြတဲ့ စစ်ရာဇဝတ်မှုတွေကို မြန်မာစစ်တပ်ခေါင်းဆောင်တွေ တာဝန်ယူမှုရှိစေရမယ်လို့ Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြပါတယ်။

Fortify Rights အဖွဲ့နဲ့အတူ ပူးပေါင်းပြီး တရားစွဲဆိုသူ မြန်မာနိုင်ငံသား ၁၆ ဦးထဲမှာ  ၂၀၁၇ ခုနှစ်ကြမ်းကြုတ်ရက်စက်မှုဒဏ်ကို ရင်ဆိုင်ခဲ့ရတဲ့ မွတ်စလင်တွေ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု ရင်ဆိုင်ခဲ့ရတဲ့ ကျောင်းသား၊ ပညာရှင်၊ လယ်သမား၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ အိမ်ရှင်မတွေပါ ပါဝင်တာဖြစ်ပါတယ်။

Fortify Rights အဖွဲ့ ပူးတွဲထူထောင်သူ အတွင်းရေးမှူး မက်သယူးစမစ်က “စစ်ရာဇတ်မူမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ကျူးလွန်ခြင်းတွေအတွက် ပြစ်မှုတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်း တစ်ခုလုံးကို ကိုယ်စားပြုနိုင်လောက်တဲ့အထိ ကြီးမားနေပြီး ထိုဒေသရှိ လူမျိုးမရွေး ဘာသာမရွေး အပြည်ပြည်ဆိုင်ရာ တရားရုံးတွေမှာ တရားစွဲဆိုပိုင်ခွင့်ရှိတယ်” လို့ ပြောပါတယ်။

တရားစွဲဆိုရာမှာ သက်သေတွေအဖြစ် အသက်ရှင်ကျန်ရစ်သူတွေရဲ့ တွေ့ဆုံမေးမြန်းချက်တွေ၊ မြန်မာစစ်တပ်ထဲက ထွက်ပြေးလာသူတွေထံက ပေါက်ကြားလာတဲ့ အချက်အလက်တွေ၊ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးနဲ့ တခြားအဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေ ပူးတွဲ တင်ပြထားပါတယ်။

မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တို့မှာလည်း လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားကာ စုံစမ်းစစ်ဆေးနေတဲ့အပြင် အာဂျင်တီးနား၊ တူရကီနဲ့ ဩစတြေးလျ တရားရုံးတွေမှာလည်း တရားစွဲဖို့ ဆောင်ရွက်နေတာ တွေရှိပါတယ်။

Photo-Fortify Rights

3 hours Ago

March 2, 2022

ဂျာမနီနိုင်ငံက ကာကွယ်ရေးအသုံးစရိတ်ကို ၂ ဆတိုးမြှင့်မည်

ဂျာမန်အစိုးရဟာ ကာကွယ်ရေးအသုံးစရိတ်ကို စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး  GDP ရဲ့ ၂ ရာခိုင်နှုန်းကျော်အထိ  တိုးမြှင့်မယ်သုံးစွဲမယ်လို့ ဂျာမန်အဓိပတိ အောလော့ဖ်ရွှိုက်ဇ်က အောက်လွှတ်တော် အထူးအစည်းအဝေးမှာ ပြောလိုက်ပါတယ်။

အခုကစပြီး နှစ်စဉ် GDP တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကျော် တိုးမြှင့် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်တဲ့အပြင် ၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ စစ်ဘက်ရင်းနှီးမြှုပ်နှံမှုတွေအတွက် ယူရိုငွေ ဘီလီယံ ၁၀၀ ထောက်ပံ့ဖို့ အစိုးရက ဆုံးဖြတ်ထားတယ်လို့လည်း သူက ပြောပါတယ်။

ဂျာမနီဟာ ၂၀ ရာစုတုန်းက သွေးစွန်းထားတဲ့ သမိုင်းကြောင်းကြောင့် ကာကွယ်ရေး အသုံးစရိတ်ကို ၂ ရာခိုင်နှုန်း ထက် ပိုမသုံးဖို့ ဥပဒေနဲ့ ကန့်သတ်ထားတာပါ။ ဒါကြောင့် ကာကွယ်ရေးအသုံးစရိတ် ပိုသုံးဖို့ အမေရိကန်နဲ့ တခြားနိုင်ငံတွေက ဖိအားပိုပေးလာတာကို ကြံ့ကြံ့ခံနေခဲ့ပါတယ်။

လတ်တလောရက်တွေမှာတော့  ရုရှားက ယူကရိန်းအပေါ် ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကာလကြာရှည် ရပ်တည်ခဲ့တဲ့ မူဝါဒတွေကိုပါ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။

ပဋိပက္ခဇုန်တွေကို လက်နက်မပို့ဖို့ ငြင်းပယ်ချက်ကိုပါ ပြင်ဆင်ခဲ့ပြီး ယူကရိန်းနိုင်ငံဆီကို တင့်ဖျက်လက်နက်တွေနဲ့ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေ အပါအဝင် ခဲယမ်းမီးကျောက်တွေကိုပါ ပေးပို့ဖို့ သဘောတူခဲ့ပါတယ်။

ပူတင်ရဲ့ ရန်လိုမှုအတွက် တခြားအဖြေ မရှိနိုင်တော့ဘူးလို့လည်း ဂျာမန်အဓိပတိ ရွှိုက်ဇ်က လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။

11 months Ago
Up