အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ ရာဘီယူးကိုခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းနေတယ်လို့သိရပါတယ်။
အီတလီကလာတဲ့အသင်းတွေအရ အာဆင်နယ်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ရာဘီယူးကိုခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်ရောက်ခဲ့ရာမှာ ခြေစွမ်းပြခဲ့တဲ့ရာဘီယူးကို နည်းပြ အာတေတာကိုယ်တိုင် သဘောကျနေပြီး အမှတ်ပေးဇယားကို ဆက်ပြီးဦးဆောင်နိုင်ဖို့ ခေါ်ယူအားဖြည့်လိုတာလို့ဆိုပါတယ်။
အသက် ၂၇ နှစ်ရှိကွင်းလယ်လူ ရာဘီယူးကို ဂျူဗင်တပ်အသင်းကလည်းရောင်းချဖို့ ပြင်ဆင်ခဲ့ဖူးပြီး မန်ယူအသင်းဆီပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးပါတယ်။
ဂျူဗင်တပ်အသင်းဟာ ရာဘီယူးကို ၂၀၂၃ ခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ အလွတ်ထွက်ခွာခွင့်ပြုရမှာဖြစ်လို့ လာမယ့်ဇန်နဝါရီမှာ ရတဲ့ဈေးနဲ့ ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ ကွင်းလယ်မှာ လူအင်အားဖြည့်တင်းဖို့ စီစဉ်နေပြီး ဂျူဗင်တပ်ကွင်းလယ်လူ အာသာမယ်လိုကို ခေါ်ယူဖို့ဆွေးနွေးနေပါတယ်။
၂၀၂ဝ ပြည့်နှစ်က ဘာစီလိုနာကနေ ပြောင်းရွှေ့ လာတဲ့ ဘရာဇီးကွင်းလယ်လူ အာသာမယ်လိုဟာ အီတလီကလပ်မှာ ပုံမှန်ပွဲထွက်ခွင့်မရ ဖြစ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ သောမက်စ်ပါတေးနဲ့ အယ်နန်နီတို့ နှစ်ဦးကို အာဖရိကဖလားယှဉ်ပြိုင်နေတဲ့ ဂါနာနဲ့ အီဂျစ်အသင်းထံ စေလွှတ်ပေးခဲ့ရတာကြောင့် ကွင်းလယ်လူတစ်ဦးခေါ်ယူဖို့ ချိတ်ဆက်နေတာပါ။
စကိုင်းစပေါ့အီတလီယာရဲ့ အဆိုအရတော့ အာဆင်နယ်ဟာ အာသာမယ်လိုအတွက် ဆွေးနွေးနေပြီး အငှားစာချုပ်နဲ့ဖြစ်တယ်လို့ ဖော်ပြပါတယ်။
လိုင်ယွန်က ဘရာဇီးကွင်းလယ်လူ ဘရူနိုဂွီမာရေးစ်ကိုလည်း ခေါ်ယူလိုပေမယ့် ပေါင် ၃၇ သန်းခွဲ သတ်မှတ်ထားတာကြောင့် ဘရာဇီးသား အာသာမယ်လိုကို အငှားနဲ့ခေါ်ယူဖို့ အာဆင်နယ်က ဆွေးနွေးခဲ့တာလို့ သိရပါတယ်။