close

ဂျူဗင်တပ်ကွင်းလယ်လူ ရာဘီယူးကိုခေါ်ယူရန် အာဆင်နယ်အသင်း အရှိန်မြှင့်ကြိုးပမ်း

အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ ရာဘီယူးကိုခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းနေတယ်လို့သိရပါတယ်။

အီတလီကလာတဲ့အသင်းတွေအရ အာဆင်နယ်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ရာဘီယူးကိုခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်ရောက်ခဲ့ရာမှာ ခြေစွမ်းပြခဲ့တဲ့ရာဘီယူးကို  နည်းပြ အာတေတာကိုယ်တိုင် သဘောကျနေပြီး အမှတ်ပေးဇယားကို ဆက်ပြီးဦးဆောင်နိုင်ဖို့ ခေါ်ယူအားဖြည့်လိုတာလို့ဆိုပါတယ်။

အသက် ၂၇ နှစ်ရှိကွင်းလယ်လူ ရာဘီယူးကို ဂျူဗင်တပ်အသင်းကလည်းရောင်းချဖို့ ပြင်ဆင်ခဲ့ဖူးပြီး မန်ယူအသင်းဆီပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးပါတယ်။

ဂျူဗင်တပ်အသင်းဟာ ရာဘီယူးကို ၂၀၂၃ ခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ အလွတ်ထွက်ခွာခွင့်ပြုရမှာဖြစ်လို့ လာမယ့်ဇန်နဝါရီမှာ ရတဲ့ဈေးနဲ့ ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up