close

ဂျေးဆူ

close

July 5, 2022

အွန်နရီကြောင့် ငယ်စဉ်ကတည်းက အာဆင်နယ်ကိုအားပေးခဲ့ဟု ဂျေးဆူ ပြော

အွန်နရီကြောင့် ငယ်စဉ်ကတည်းက အာဆင်နယ်အသင်းကို အားပေးခဲ့ဖူးတယ်လို့ တိုက်စစ်မှူးသစ် ဂျေးဆူက ပြောပါတယ်။

ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းကို ပေါင် ၄၅ သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အသင်းနဲ့အတူ ပထမဆုံးအင်တာဗျူးမှာတော့ အာဆင်နယ်အသင်း ဂန္ထဝင်တိုက်စစ်မှူး အွန်နရီကို အားပေးခဲ့တာကြောင့် အာဆင်နယ်အသင်းကိုလည်း ငယ်စဉ်ကတည်းက အားပေးခဲ့တာ ဖြစ်ကြောင်း ပြောသွားတာပါ။  

သီယာရီအွန်နရီကြောင့် အာဆင်နယ်အသင်းကို ငယ်စဉ်ကတည်းက အားပေးကြည့်ရှုခဲ့ဖူးကြောင်း၊ ဥရောပကလပ်တွေကို သိပ်ပြီးအားမပေးခဲ့ဖူးပေမယ့် အာဆင်နယ်မှာ နာမည်ကြီး ကစားသမားတွေ ကစားခဲ့ဖူးတာကြောင့် ထိပ်တန်းအသင်းကြီးတစ်သင်းလို့ သတ်မှတ်ခဲ့ဖူးပြီး ဒီလိုထိပ်တန်းအသင်းကြီးဆို ပြောင်းရွှေ့ခွင့်ရလို့ အလွန်ပျော်ရွှင်ရကြောင်း  ဂါဘရီယယ်ဂျေးဆူက ပြောပါတယ်။

အာဆင်နယ်အသင်းမှာ ထိပ်တန်းကစားသမားတွေလည်းရှိပြီး အသင်းကို ကူညီဖို့၊ လေ့လာသင်ယူဖို့နဲ့ အကောင်းဆုံးခြေစွမ်းရရှိအောင် ကူညီသွားချင်ကြောင်းလည်း ပြောပါတယ်။

5 mins Ago

June 25, 2022

မန်စီးတီးတိုက်စစ်မှူး ဂျေးဆူကို ပေါင်သန်း ၅၀ ဖြင့် အာဆင်နယ် ခေါ်ယူရန်နီးစပ်

အာဆင်နယ်အသင်းဟာ မန်စီးတီးတိုက်စစ်မှူး ဂါဘရီယယ်ဂျေးဆူကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ နီးစပ်နေပါတယ်။

စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့တဲ့ ဂျေးဆူကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ ဆွေးနွေးနေတာဟာ ရက်သတ္တပတ်ကျော်လွန်လာခဲ့တဲ့အချိန်မှာ သဘောတူညီမှုရဖို့နီးစပ်လာခဲ့တာပါ။

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးလာကာဇက်ကို ထွက်ခွာခွင့်ပေးခဲ့တာကြောင့် ဂျေးဆူကို နံပါတ် တစ်ပစ်မှတ်အနေနဲ့ တောက်လျှောက်ကြိုးပမ်းလာခဲ့တာပါ။

မန်စီးတီးအသင်းက လိဒ်ယူနိုက်တက် ကွင်းလယ်လူ ကယ်ဗင်ဖိလစ်ကို ပေါင် ၄၂ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိချိန်မှာတော့ ဂျေးဆူကို ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်လာခဲ့တာပါ။

အသက်၂၅ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက  ၁၃ ဂိုးသွင်းခဲ့ပေမယ့် ဟာလန်းနဲ့ အယ်လ်ဗာရက်ဇ်တို့ ရောက်ရှိလာတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာပါ။

အာဆင်နယ်အနေနဲ့ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဂျေးဆူကို တရားဝင်ခေါ်ယူ နိုင်ဖို့ရှိနေပါတယ်။

1 week Ago
Up