မန်စီးတီးတိုက်စစ်မှူး ဂျေးဆူကို ပေါင်သန်း ၅၀ ဖြင့် အာဆင်နယ် ခေါ်ယူရန်နီးစပ်

အာဆင်နယ်အသင်းဟာ မန်စီးတီးတိုက်စစ်မှူး ဂါဘရီယယ်ဂျေးဆူကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ နီးစပ်နေပါတယ်။
စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့တဲ့ ဂျေးဆူကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ ဆွေးနွေးနေတာဟာ ရက်သတ္တပတ်ကျော်လွန်လာခဲ့တဲ့အချိန်မှာ သဘောတူညီမှုရဖို့နီးစပ်လာခဲ့တာပါ။
အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးလာကာဇက်ကို ထွက်ခွာခွင့်ပေးခဲ့တာကြောင့် ဂျေးဆူကို နံပါတ် တစ်ပစ်မှတ်အနေနဲ့ တောက်လျှောက်ကြိုးပမ်းလာခဲ့တာပါ။
မန်စီးတီးအသင်းက လိဒ်ယူနိုက်တက် ကွင်းလယ်လူ ကယ်ဗင်ဖိလစ်ကို ပေါင် ၄၂ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိချိန်မှာတော့ ဂျေးဆူကို ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်လာခဲ့တာပါ။
အသက်၂၅ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ၁၃ ဂိုးသွင်းခဲ့ပေမယ့် ဟာလန်းနဲ့ အယ်လ်ဗာရက်ဇ်တို့ ရောက်ရှိလာတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာပါ။
အာဆင်နယ်အနေနဲ့ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဂျေးဆူကို တရားဝင်ခေါ်ယူ နိုင်ဖို့ရှိနေပါတယ်။