close

ဂြိုဟ်တု လွှတ်တင်

close

October 10, 2022

တရုတ်နိုင်ငံက ပင်လယ်ထဲမှ နောက်ထပ်ဂြိုဟ်တု ၁ စင်း လွှတ်တင်

တရုတ်နိုင်ငံဟာ  Long March-11 ဒုံးပျံပေါ်က စမ်းသပ်ဂြိုဟ်တုနှစ်စင်းကို ပင်လယ်ဝါထဲရှိ ဂြိုဟ်တုလွှတ်တင်တဲ့စင်္ကြံကနေ  သောကြာနေ့ညမှာ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။ 

ဒုံးပျံဟာ  ပျံသန်းချိန်မှာ အပျက်အစီးတွေ ပြန့်ကျဲသွားနိုင်လို့ မြေပေါ်က အရာဝတ္တုတွေ ပျက်စီးတာ၊ ဒါမှမဟုတ် ထိခိုက်သေဆုံးတာတွေ  ဖြစ်နိုင်ခြေကို လျှော့ချဖို့၊ များသောအားဖြင့် လူနေနည်းတဲ့ ဒေသတွေမှာ ဆင်းသက်ဖို့ ဂရုတစိုက် ထိန်းချုပ်ရပါတယ်။

ပြီးတော့ ဒီလုပ်ငန်းစဉ်က လောင်စာဆီ ပိုကုန်ကျပေမဲ့ ပင်လယ်ပြင်ကနေ ဂြိုဟ်တုလွှတ်တင်တာက အလားတူ စိုးရိမ်စရာ ကိစ္စတွေ လျော့နည်းကင်းစင်စေပါတယ်။

တရုတ်နိုင်ငံမှာ ဂြိုဟ်တုလွှတ်တင်ရေး ဗဟိုဌာနလေးခုရှိပြီး ကျိုချွမ်၊ ထိုက်ယွမ်၊ ရှီးချန်းနဲ့ ဝမ်ချန်း ဒေသတွေမှာ ရှိတာပေမဲ့ အဲဒီနေရာတွေကို ပြုပြင်ထားလို့ ဒုံးပျံ လွှတ်တင်နိုင်တဲ့ လတ္တီကျုတွေကို ကန့်သတ်ထားပါတယ်။

ပင်လယ်ပြင်ကနေ ဒုံးပျံ လွှတ်တင်တာနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေက မတူညီတဲ့ ပတ်လမ်းတွေဆီ ဒုံးပျံတွေ လွှတ်တင်ဖို့ အသင့်တော်ဆုံး လတ္တီကျုတွေကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ပြီး လောင်စာဆီကုန်ကျစရိတ်ကို အများကြီး သက်သာစေပါတယ်။

ဒီနည်းလမ်းဟာ မြေပြင်ကနေ ဂြိုဟ်တုပစ်လွှတ်တဲ့ သမားရိုးကျနည်းလမ်းနဲ့ နှိုင်းယှဉ်ရင် ပိုဘေးကင်းပြီး ပိုမိုချွေတာရာ ရောက်တယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ထားပါတယ်။

ဒုံးပျံဟာလည်း ပိုလေးတဲ့ ဂြိုဟ်တုတွေ ဒါမှမဟုတ် တခုထက်ပိုတဲ့ ဂြိုဟ်တုတွေကို တချိန်တည်းမှာ အာကာသထဲကို လွှတ်တင်နိုင်ပါတယ်။

10 mins Ago

July 20, 2020

ယူအေအီးက အင်္ဂါဂြိုဟ်ပေါ် ဂြိုဟ်တု လွှတ်တင်

အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးက အာရပ်ကမ္ဘာရဲ့ ပထမဆုံး အင်္ဂါဂြိုဟ် ခရီးစဉ်အဖြစ် The Hope Probe ဂြိုဟ်တုကို ဒီနေ့ လွှတ်တင်လိုက်ပါတယ်။ ရေနံအပေါ်မှီခိုမှု လျှော့ချပြီး သိပ္ပံနဲ့ နည်းပညာစွမ်းရည် တိုးတက်စေရေး အားထုတ်နေတာလည်း ဖြစ်ပါတယ်။ ဂျပန်ရဲ့ တာ့နဲငါ့ရှိမ အာကာသဌာနကနေ မနက် ၁ နာရီ ၅၈ မိနစ်အချိန်မှာ ဂြိုဟ်တုကို လွှတ်တင်တာဖြစ်ပြီး အင်္ဂါဂြိုဟ်ဆီ ရောက်ဖို့ အချိန် ၇ လ ကြာနိုင်ပါတယ်။ အဲဒီဂြိုဟ်တုဟာ အင်္ဂါဂြိုဟ်ကို လှည့်ပတ်နေမှာဖြစ်ပြီး လေထုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကမ္ဘာဂြိုဟ်ဆီ ပြန်ပို့မှာ ဖြစ်ပါတယ်။  ယူအေအီးနဲ့ ဂျပန်မှာ အာကာသ ပူးပေါင်းဆောင်ရွက်မှု ကာလရှည် ရှိခဲ့တယ်ဆိုတာ သေသေချာချာ ပြောချင်တယ်လို့ ယူအေအီး အာကာသဌာန ညွှန်ချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဇူလိုင် ၁၄ မှာ လွှတ်တင်ဖို့ ကနဦး စီစဉ်ထားပေမယ့် ရာသီဥတု ဆိုးနေလို့ ၂ ကြိမ်တိုင် ရက်ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။ လွှတ်တင်ပြီး တနာရီသာသာ အကြာမှာ ဂြိုဟ်တုက ကမ္ဘာမြေနဲ့ ရေဒီယိုလှိုင်း အသုံးပြု ဆက်သွယ်ခဲ့ပါတယ်။ လောလောဆယ်မှာ အင်္ဂါဂြိုလ် လေ့လာရေးလုပ်ငန်းစဉ် ၈ ခု အလုပ်လုပ်နေတာပါ။ တချို့က အင်္ဂါဂြိုဟ်ကို လှည့်ပတ်လေ့လာနေသလို တချို့က အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ် ဆင်းသက်ခဲ့ပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ကလည်း နောက်ထပ် ဂြိုဟ်တု တလုံးစီကို ဒီနှစ်ထဲမှာ လွှတ်တင်ဖို့ စီစဉ်နေပါတယ်။
2 years Ago
Up