close

ငလျင်ငယ်

close

February 24, 2023

ငလျင်ကြီးလှုပ်ခတ်ပြီးနောက် တူရကီတောင်ပိုင်းတွင် ငလျင်ငယ် ၇၀၀၀ ကျော်လှုပ်

တူရကီနိုင်ငံတောင်ပိုင်းမှာ ဖေဖော်ဝါရီ ၆ ရက်က အင်အားပြင်းငလျင်တွေလှုပ်ပြီးတည်းက ကျန်ခဲ့တဲ့လဝက်အတွင်း မြေပြင်တုန်ခါမှုပေါင်း ၇၂၄၂ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ တူရကီ ကပ်ဘေးနဲ့ အရေးပေါ် စီမံခန့်ခွဲရေး အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောပါတယ်။

အဲဒီထဲကမှ အင်အား ရစ်ချတ်တာ စကေး ၅ နဲ့ ၆ ကြားမှာ ရှိတဲ့ အပြင်းစား မြေပြင်တုန်ခါမှုက ၄၁ ကြိမ် လှုပ်ခဲ့တာပါ။

တူရကီနဲ့ ဆီးရီးယား နှစ်နိုင်ငံမှာ ဒီငလျင်တွေနဲ့ ပတ်သက်လို့ သေဆုံးသူ ဦးရေဟာ ဖေဖော်ဝါရီ ၂၀ ရက်မှာ အယောက် ၄၈၀၀၀ ကျော်ခဲ့ပါပြီ။

တူရကီမှာ ဖေဖော်ဝါရီ ၆ ရက်က အင်အား ရစ်ချတ်တာ စကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင်လှုပ်အပြီး နာရီပိုင်းအကြာမှာ နောက်ထပ် အင်အားရစ်ချတ်တာ စကေး ၇ ဒသမ ၆ ရှိတဲ့ ငလျင် ထပ်လှုပ်ခဲ့တာပါ။

ငလျင်တွေရဲ့ သက်ရောက်မှုကို အိမ်နီးချင်း ဆီးရီးယား နိုင်ငံမှာလည်း ဆိုးဆိုးရွားရွား ခံစားခဲ့ရပါတယ်။ 

1 min Ago

August 8, 2020

ထီးချိုင့်မြို့အနီးတွင် ငလျင်ငယ်တခု လှုပ်ခတ်

ထီးချိုင့်မြို့နားမှာ အခု ညနေပိုင်းက ငလျင်ငယ်တခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၇ မိနစ်ကျော်က ကသာမြေငလျင်စခန်းရဲ့ အ‌နောက်တောင်ဘက် ၁၈ မိုင်လောက်ဝေးတဲ့ ထီးချိုင့်မြို့ရဲ့ မြောက်လက် ၁၆ မိုင်လောက်အကွာကို ဗဟိုပြုပြီး လှုပ်ခဲ့တာပါ။ အနက် ၂ ကီလိုမီတာကို ဗဟိုပြုလှုပ်ပြီး ရစ်ခ်တာစကေးကတော့ ၃ ဒသမ ၂ အဆင့် အင်အားနည်းနည်းရှိတဲ့ ငလျင်လို့ ဆိုပါတယ်။
3 years Ago
Up