close

စကု

close

October 7, 2021

စကုမြို့နယ်က စစ်တပ်ပိုင် Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း၊ စကုမြို့နယ်၊ မကျီးကျောင်းကျေးရွာအနီးက စစ်တပ်ပိုင် Mytel  တာဝါတိုင် အောက်တိုဘာ ၆ ရက်န ည ၁၀ နာရီဝန်းကျင်က မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စကုမြို့နယ် ပြောက်ကျားအင်အားစုတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးက “အခု မိုင်တဲလ်တာဝါတိုင် မီးရှို့ဖျက်ဆီးခဲ့တာဟာ ပဏာမအနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း အကြမ်းဖက်စစ်ကောင်စီပြုတ်ကျတဲ့အထိ ရတဲ့နည်းနဲ့ ခြေမှုန်းသွားမှာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်မှာ NUG အစိုးရက ခုခံတွန်းလှန်စစ်စတင်ကြဖို့ ကြေညာပြီးနောက်  နိုင်ငံတဝန်း စစ်တပ်နဲ့ စစ်ခေါင်းဆောင်ရဲ့ မိသားစုအကျိုးစီးပွား ဆက်စပ်လုပ်ကိုင်ထားတဲ့ Mytel ကုမ္ပဏီရဲ့ ဆက်သွယ်ရေးတာဝါတိုင် ၁၂၀ နီးပါး ဖျက်ဆီးခံရပြီး ဖြစ်ပါတယ်။

7 mins Ago

May 28, 2021

စကုမြို့နယ်၌ စစ်ရဟတ်ယာဉ် စက်ချို့ယွင်းပြီး အရေးပေါ်ဆင်းသက်

မကွေးတိုင်း၊ မင်းဘူး စကုမြို့နယ်ထဲမှာ မေလ ၂၈ ရက် မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ် တစ်စင်း  စက်ချို့ယွင်းပြီးတော့ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ဒီနေ့မွန်းလွဲ ၂ နာရီလောက်က စကု-ဆင်ခေါင်းလမ်း တောင်မန်းရွာ အနောက်ဘက်က ဦးလှရွှေရဲ့ ငါးကန်နားလေးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဟတ်ယာဉ်  စက်ချို့ယွင်း ပြီးတော့ အရေးပေါ် ဆင်သက်ခဲ့ရတယ်” ဒေသခံတစ်ယောက်က ပြောပါတယ်။

အဲဒီရဟတ်ယာဉ်ပေါ်မှာ  လူ ၆ ယောက်လိုက်ပါလာပြီး ထိခိုက်ဒဏ်ရာရတာ မရှိပါပေမဲ့ ရဟတ်ယာဉ်ကတော့  ထိခိုက်ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီနေရာကို စကုနဲ့ ဇီးအိုင်က စစ်တပ်တွေ အင်အားအများအပြားနေရာယူထားတဲ့အတွက် ရွာသားတွေကိုအကပ်မခံသလို ဓာတ်ပုံရိုက်ခွင့် လည်းမရဘူးလို့ သိရပါတယ်။

4 months Ago
Up