close

စကုမြို့နယ်က စစ်တပ်ပိုင် Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း၊ စကုမြို့နယ်၊ မကျီးကျောင်းကျေးရွာအနီးက စစ်တပ်ပိုင် Mytel  တာဝါတိုင် အောက်တိုဘာ ၆ ရက်န ည ၁၀ နာရီဝန်းကျင်က မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စကုမြို့နယ် ပြောက်ကျားအင်အားစုတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးက “အခု မိုင်တဲလ်တာဝါတိုင် မီးရှို့ဖျက်ဆီးခဲ့တာဟာ ပဏာမအနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း အကြမ်းဖက်စစ်ကောင်စီပြုတ်ကျတဲ့အထိ ရတဲ့နည်းနဲ့ ခြေမှုန်းသွားမှာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်မှာ NUG အစိုးရက ခုခံတွန်းလှန်စစ်စတင်ကြဖို့ ကြေညာပြီးနောက်  နိုင်ငံတဝန်း စစ်တပ်နဲ့ စစ်ခေါင်းဆောင်ရဲ့ မိသားစုအကျိုးစီးပွား ဆက်စပ်လုပ်ကိုင်ထားတဲ့ Mytel ကုမ္ပဏီရဲ့ ဆက်သွယ်ရေးတာဝါတိုင် ၁၂၀ နီးပါး ဖျက်ဆီးခံရပြီး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up