close

စခန်းသစ်

close

September 4, 2022

စစ်ရှောင်များလာသဖြင့် မောင်တောမြို့ သာသနာ့ဗိမာန်၌ စခန်းသစ်ဖွင့်လှစ်

ရခိုင်ပြည်နယ် မောင်တောမြို့က သာသနာ့ဗိမာန်တော်ကြီးမှာ စစ်ဘေးရှောင်စခန်းတခုကို စက်တင်ဘာ  ၄ ရက်နေ့လယ်ပိုင်းမှာ စဖွင့်လိုက်တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးထွန်းအေးသိန်းက “မနက်ဖြန်မှ ဖွင့်မလို့ပါ။ စစ်ဘေးရှောင်တွေ အစုအပြုံလိုက် ရောက်လာတော့ လက်မခံလို့ မရတော့ဘူး။ ၂၀၁၆ ခုနှစ်က အရေးပေါ်ကူညီထောက်ပံ့ရေး (မောင်တော)ကို နောက်လူတွေ အစားထိုးဖွဲစည်းတာပါ။  အလှူရှင်တွေ ကတော့ လာလှူဒါန်းကြတယ်။ စစ်ဘေးရှောင်များလာရင်တော့ အကူအညီတွေ  လိုအပ်လာမယ်” လို့ ပြောပါတယ်။

လက်ရှိ မောင်တောသာသနာ့ဗိမ္မာန်စစ်ဘေးရှောင်စခန်းမှာ မောင်တောမြို့နယ်မြောက်ပိုင်းက မင်္ဂလာညွှန့်၊ ရေနောက်ငါးသား၊ တမန်းသားစတဲ့ကျေးရွာတွေက စစ်ဘေးရှောင် ၁၀၀ ခန့် ရောက်နေတယ်လို့ စခန်းအမှုဆောင် တဦးက ပြောပါတယ်။

“လောလောဆယ် သူတို့ စားသောက်ရေးအတွက် ရပ်ကွက်တွေက ထမင်းထုတ်တွေ ကောက်ပြီး ကျွေးမွေးထားရတယ်။ စစ်ဘေးရှောင်တွေ နောက်ထပ်ရောက်လာဖို့ ရှိနေတယ်။”

သြဂုတ် ၃၁ ရက်  မနက်ပိုင်းက ဘင်္ဂလာ-မြန်မာ နယ်စပ်ရှိ စစ်ကောင်စီရဲ့ နယ်ခြားမှတ်တိုင် အမှတ် ၄၀ စခန်းကို အေအေသိမ်းပိုက်ပြီးနောက် မောင်တောမြောက်ပိုင်းဒေသကို စစ်ကောင်စီက စစ်ဆင်ရေးလုပ်ကာ တိုက်လေယာဥ်တွေနဲ့ နေစဥ်ရက်ဆက်တိုက်ခိုက်နေတဲ့အတွက် ကျေးရွာ ၃၀ ကျော်က ဝန်ထမ်းတွေနဲ့ ရွာသား ၂၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးလာကြတာပါ။

ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ မောင်တောမြို့ပေါ်က ဆွေမျိုးတွေနဲ့ စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်အစရှိတဲ့မြို့တွေကို ထွက်ပြေးခိုလှုံနေကြရသလို ဆွေးမျိုးမရှိတဲ့ ဒုက္ခသည် ၁၀၀၀ လောက်ကတော့ မောင်တော ၃ မိုင်ပရဟိတ္တကျောင်း၊ ရွှေတောင်ကျေးရွာ၊ ရွှေရင်အေးကျေးရွာ၊ အောင်ဗလဘုန်းတော်ကြီး​ကျောင်းတွေမှာ စစ်ဘေး ခိုလှုံ နေကြရတာပါ။

11 hours Ago

February 27, 2020

ဂရိနိုင်ငံတွင် ရွှေ့ပြောင်းလာသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့

ဂရိနိုင်ငံ လက်စ်ဘို့စ်ကျွန်းမှာ ရွှေ့ပြောင်းလာသူများ စခန်းသစ် တည်ဆောက်ရေးကို ဆန့်ကျင် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖေဖော်ဝါရီ ၂၆ ရက်က ထိပ်တိုက်တွေ့ခဲ့ပါတယ်။  ဒါဟာ စခန်းသစ်တည်ဆောက်ရေး နေရာအနီးမှာ ဒုတိယနေ့အဖြစ် ပဋိပက္ခဖြစ်ခဲ့တာပါ။ ဆန္ဒပြသူတွေက ရဲတွေကို ခဲနဲ့ပစ်ပေါက်ကြပြီး ရဲတွေကလည်း မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။  စခန်းသစ်တည်ဆောက်ရေးကို သပိတ်မှောက်တဲ့အနေနဲ့ မိုက်တီလန်းမြို့မှာ မနက်အစောပိုင်းက ရာနဲ့ချီတဲ့လူတွေ ဆန္ဒပြခဲ့ပါတယ်။  ဂရိအစိုးရဟာ အသစ်ရောက်လာမယ့် ရွှေ့ပြောင်းလာသူတွေအတွက် ကျပ်တည်းနေတဲ့ စခန်းတွေက လူတွေကို နေရာပြောင်းဖို့ လက်စ်ဘို့စ်ကျွန်းပေါ်မှာ စခန်းသစ်တည်ဆောက်နေတာဖြစ်ပါတယ်။  ရွှေ့ပြောင်းစခန်းတွေမှာ ပျမ်းမျှနေထိုင်ရမယ့်အချိန်ဟာ ၄ လ ဖြစ်တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။  ဒါပေမဲ့ လက်စ်ဘို့စ်ဒေသခံတွေကတော့ စခန်းသစ်တွေ အချိန်ကြာမြင့်စွာ ရှိလာပြီး စခန်းဟောင်းတွေလို လူတွေ ပြည့်ကျပ်လာမှာကို စိုးရိမ်နေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 
3 years Ago
Up