close

စင်ကာပူဝန်ကြီးချုပ်

close

March 16, 2023

အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်လာရန် မြန်မာကို တွန်းအားပေးမည်ဟု စင်ကာပူဝန်ကြီးချုပ် ပြော

မြန်မာနိုင်ငံမှာ အချိန်ဆွဲရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးအစီအစဉ် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ်အာဏာရှင်တွေ လက်တွေ့အကောင်အထည်ဖော်လာအောင် တွန်းအားပေးနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံနဲ့အတူ မဟာမိတ်တွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက မတ်လ ၁၆ ရက်က ပြောပါတယ်။

နိုင်ငံတော်ခရီးစဉ်အဖြစ် စင်ကာပူကိုရောက်ရှိနေတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံအပြီးမှာ လီရှန်လွန်းက “စင်ကာပူနိုင်ငံအနေနဲ့ အချက် ၅ ချက်ပါ သဘောတူညီမှုကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ တွန်းအားပေးရာမှာ အင်ဒိုနီးရှားနိုင်ငံ အပါအဝင် တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် အာဆီယံနဲ့ မိတ်ဘက်ဖြစ်တဲ့ ကုလသမဂ္ဂအဖွဲ့တွေနဲ့ပါ ဆက်လက် လက်တွဲလုပ်ကိုင်သွားမှာဖြစ်တယ်” လို့ သတင်းထောက်တွေကို ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တခုအကြာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက အကြမ်းဖက်မှုတွေ၊ လူထုအုံကြွမှုတွေဟာ နိုင်ငံတွင်း ပြည့်နှက်နေပါတယ်။

ဒါကြောင့် ဝန်ကြီးချုပ်လီက နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအစီအစဉ် တိုးတက်မှုမရှိတဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

ဒီအစည်းအဝေးအတွင်း အင်ဒိုနီးရှားနိုင်ငံ မြို့တော်အသစ် နူစန်တာရာ တည်ဆောက်ရေးမှာ အထောက်အကူပြုနိုင်မယ့် အသိပညာမျှဝေမှု အပါအဝင် နားလည်မှုစာချွန်လွှာ အများအပြားကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

3 hours Ago

January 31, 2023

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း တွေ့ဆုံ

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ဟာ နိုဝင်ဘာလက ရာထူးတာဝန် ရယူပြီးနောက် ပထမဆုံးအနေနဲ့ စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ ဇန်နဝါရီ ၃၀ ရက်က တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ကြိုဆိုရေးအခမ်းအနား၊ အပြန်အလှန်ဆွေးနွေးပွဲ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေအတွက် လက်မှတ်ရေးထိုးပွဲတွေကို တက်ရောက်ခဲ့ပါတယ်။

တရားဝင် နေ့လယ်စာစားပွဲမှာ အန်ဝါက မလေးရှား-စင်ကာပူ ဆက်ဆံရေး ပိုမိုခိုင်မာစေရေးကို အဓိကအချက်အဖြစ် မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။

သူဟာ စင်ကာပူသမ္မတ ဟာလီမာ ယာကွတ်ဘ်နဲ့လည်း တွေ့ဆုံခဲ့ပြီး သစ်ခွနာမည်ပေး အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အစဉ်အလာအားဖြင့် စင်ကာပူဟာ သစ်ခွပန်းတွေကို နာမည်ပေးပြီး လာရောက်လည်ပတ်တဲ့ နိုင်ငံ့အကြီးအကဲတွေကို ဂုဏ်ပြုလေ့ရှိပါတယ်။

အသက် ၇၅ နှစ်အရွယ် အန်ဝါဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ပြီးတဲ့နောက် မလေးရှားနိုင်ငံရဲ့ ၁၀ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

1 month Ago
Up